


ဧပြီ (၄)ရက်မှာ K – Wonder Music Festival 2020 ကိုကျင်းပမယ်

တောင်ကိုရီးယားအနုပညာရှင် BASICK မြန်မာနိုင်ငံမှာ ပထမဆုံး Fan Meeting ကျင်းပခြင်းနဲ့ လာမယ့် ဧပြီ (၄)ရက်မှာ K – Wonder Music Festival 2020 ကိုကျင်းပမယ့်လို့ ကြေညာလိုက်ပါတယ်။
ရန်ကုန်၊ ဖေဖော်ဝါရီလ (၁၅) ရက်
တောင်ကိုရိးယားနိုင်ငံရဲ့ နာမည်ကျော် Show Me The Money 4 အစီအစဉ်ရဲ့ Champion အဆိုတော် BASICK နဲ့ K – Wonder Music Festival မှာ လာရောက်ဖျော်ဖြေခဲ့တဲ့ တောင်ကိုရီးယားအဆိုတော် Nautilis တို့က ဖေဖော်ဝါရီလ ၁၅ရက် က Times City မှာမြန်မာနိုင်ငံမှ ကိုရီးယားချစ်ပရိသတ်များနဲ့ Fan Meetingတွေ့ဆုံခဲ့ပါတယ်။ သီချင်းများလည်းဖျော်ဖြေခဲ့ပြီးအမှတ်တရလက်မှတ်ထိုးပေးခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းတို့ကိုပြုလုပ်ပေးခဲ့ပါတယ်။
Global Stage Entertainment (GSE) ကကြီးမှူးကျင်းပတဲ့ အဆိုပါ Fan Meeting တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပရိသတ်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို K – Wonder Music Festival 2020 ကျင်းပမယ့်ရက်၊ ဧပြီလ ၄ရက်ကို တရားဝင်မိတ်ဆက်ကြေညာပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကြီးပြင်းခဲ့ပြီး ၂၀၁၅ ခုနှစ် Show Me The Money မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ Winner ဆုကိုရရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကြီးပြင်းခဲ့ပြီး ၂၀၁၅ခုနှစ် Show Me The Money မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ Winner ဆုကိုရရှိခဲ့ပါတယ်။