M-ပိုက်ဆံမှ သုံးစွဲသူများအား အထူးသုံးစွဲသူဝန်ဆောင်မှုကဏ္ဍ Hotline နံပါတ်ဖြင့် ပံ့ပိုးပေး

M-ပိုက်ဆံမှ မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့်ဖုန်းလိုင်းကိုမဆို အသုံးပြုသည့်
သုံးစွဲသူများအားလုံးအတွက် လွယ်ကူ၊ စိတ်ချ၊ မြန်ဆန်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို
ပေးအပ်လျက်ရှိပါသည်။ ယခုအခါ M-ပိုက်ဆံမှ သုံးစွဲသူများအနေဖြင့် လိုအပ်ချက်များရှိပါက
ကူညီပေးနိုင်ရန်အတွက် အထူးသုံးစွဲသူဝန်ဆောင်မှုကဏ္ဍ Hotline နံပါတ်များဖြင့်
ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
အူရီဒူးဆင်းကတ်အသုံးပြုသူများအနေဖြင့် M-ပိုက်ဆံ Hotline နံပါတ် “909” ကို
တိုက်ရိုက်ခေါ်ဆိုနိုင်ပြီး အခြားဆင်းကတ်အသုံးပြုသူများအနေဖြင့် “09970000999” သို့
ခေါ်ဆိုခြင်းဖြင့် M-ပိုက်ဆံ သုံးစွဲသူဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်နိုင်မည်ဖြစ်ပြီး နေ့စဉ် နံနက် (၈)
နာရီ မှ ည (၉) နာရီအထိ ခေါ်ဆိုမေးမြန်းနိုင်မည် ဖြစ်ပါသည်။ ယင်း Hotline နံပါတ်များမှသာမက
M-ပိုက်ဆံ Facebook ပေ့ခ်ျ Messenger မှတဆင့်လည်း ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် M-ပိုက်ဆံကို အသုံးပြုခြင်းဖြင့် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊
ဖုန်းဘီလ်ဝယ်ယူခြင်းနှင့် ငွေပေးချေခြင်းစသည်တို့ကို မိမိတို့မိုဘိုင်းဖုန်းပေါ်တွင် မည်သည့်အချိန်
မည်သည့်နေရာမှမဆို လျှင်မြန်၊ လွက်ကူစွာနှင့် လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ M-
ပိုက်ဆံအကောင့်ဖွင့်ရန် *999# ကို ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ Play Store (သို့) App Store တို့မှ M-ပိုက်ဆံ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်၍ သော်လည်းကောင်း M-Pitesan
ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ကျေးဇူး အထူးတင်ရှိပါသည်