သဘာဝဆန်တဲ့ပညာပေးဇာတ်လမ်းတိုလေးတွေဝါသနာအရရိုက်နေသူ

LHK Entertainment ကနေတင်ဆက်နေတဲ့ videoဇာတ်လမ်းတိုလေးတွေ fb တွေ့လို့ကြည့်မိဖူးပါတယ်။
လူငယ်အချို့ သရုပ်ဆောင်တာရယ် ဇာတ်ညွှန်းကည်း
သဘာဝဇာတ်လမ်းဆန်ဆန်လေးတွေမို့ ကြည့်ရှုသူများတာကိုသတိထားမိတဲ့အတွက် ဘယ်သူကဦးဆောင်လုပ်နေတာလဲသိရအောင် Today  Z ကစုံစမ်းဆက်သွယ်ခဲ့ပါတယ်။

ဦးဆောင်သူက လင်းထက်ကျော်ဆိုတဲ့လူငယ်တစ်ယောက်လိုသိရပြီး သူတို့ ဇာတ်လမ်းတိုလေးတွေဖန်တီးဖြစ်နေပုံပတ်သက်လို့ အနည်းငယ်မေးခွင့်ရခဲ့ပါတယ်။

Today  Z  မေး ။   ။  LHK ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုလေးတွေက လူထုကြားရောက်တယ်။
ပေါက်တယ်လိုခံစားမိတယ်။
ဘာကြောင့်လဲညီရေ။

လင်းထက်ကျော် ဖြေ ။  ။  ကျ​နော်​တို့ကြိုးစားပြီး​အပင်​ပန်းခံပြီးရိုက်​ထားတာကို ပရိသတ်​ ကအသိမှတ်​ပြု​ပေးတယ်​။ အဲ့ဒါ​ကြောင့်​လို့ထင်​တယ်​ဗျ ။
ဇာတ်​လမ်း​လေး​တွေလဲသဘာဝအကျဆုံးဖြစ်​​အောင်​ရိုက်​တယ်​ ။ ပရိသတ်​ ကြည့်​ရူလို့အဆင်​​ပြေဆုံးဖြစ်​​အောင်​ကြိုးစားပြီးရိုက်​တယ်​။ အဲ့ဒါ​ကြောင့်​လို့လဲထင်​ပါတယ်​ဗျ။

Today  Z မေး ။  ။  ညီတို့ နောက်ဆက်လက်တင်ဆက်မယ့် ဇာတ်လမ်းတွေ မတူအောင်  ဇာတ်အိမ်အသစ်တွေ တည်ဆောက်ဖို့  အိုက်ဒီယာတွေထပ်ထုတ်ဖို့ဘယ်လိုရှိသလဲ။

လင်းထက်ကျော် ဖြေ ။  ။ ကျ​နော်​ရိုက်​ပြီးသာဇာတ်​လမ်း​တွေနဲ့မတူ​တဲ့ဇာတ်​လမ်း​တွေကိုကျ​နော်​စဉ်းစားပါတယ်​။ တကယ့် လူ့ပတ်​၀န်းကျင်​မှာဖြစ်​ပျက်​​နေတာ​တွေကို​လေ့လာပြီး ဇာတ်​လမ်းတည်​​ဆောက်​ပါတယ်​။

လူ့သားအကျိုးပြု ဖြစ်​​စေရန်​ပညာ​ပေး​လေး​တွေဘဲအများအားဖြစ်​ထုတ်​ဖို့ရှိပါတယ်​။

Today  Z  မေး ။  ။ညီတို့အဖွဲ့က ဝါသနာရှေ့တန်းထားပြီးလုပ်နေတာ။ရှေရည်အတွက်ကျဝင်ငွေလိုတယ်လေ။
ရေရှည်ရပ်တည်ဖို့ ဘာလိုအပ်လဲ။ ခုအခက်ခဲကဘာရှိလဲ။

လင်းထက်ကျော် ဖြေ ။  ။ အဓိက က​တော့အသစ်​သစ်​​သောအနုပညာ​တွေချပြနိုင်​မှ​ရေရှည်​ရပ်​တည်​လို့ရမှာပါ။
ကျန်​တာ​တော့အဆင်​​ပြေပါတယ်​။
တစ်​ခုက​တော့ camera ​ကောင်း​ကောင်း အသံ ​ကောင်း​ကောင်း
Setting ​တွေနဲ့ချပြချင်​ပါတယ်​။  ဒါ​ပေမဲ့ ကုန်​ကျစရိတ်​ကမနိုင်​​တော့ အဆင်​မ​ပြေဘူး။ အတက်​နိုင်​ဆုံး​တော့အ​ကောင်းဆုံးဖန်​တီးပါတယ်​ ။တစ်​ချို့​သော scene ​တွေမှာကိုယ်​တိုင်​သ​ဘောမကျတာ​တွေရှိပါတယ်​။ ​သေချာရိုက်​မယ်​ဆိုပိုက်​ဆံ​ပေးပြီးရိုက်​ရမဲ့​နေရာ​တွေမှာ မြန်​မြန်​ရိုက်​လိုက်​ရတာမျိုး​ပေါ့။
ပိုက်​ဆံ​မ​ကုန်​​အောင်​​ပေါ့ဗျာ။ အဲ့ video က​တော့မတင်​က​တော့မတင်​ရ​သေးဘူး ဒီအပါတ်​ထဲထုတ်​ဖို့ရှိပါတယ်​။

Today  Z မေး ။  ။ သဘာဝဆန်တဲ့ဇာတ်အိမ်တွေ ရဖို့  ညီ ဘယ်လိုလေ့လာခဲ့လဲ။

လင်းထက်ကျော် ဖြေ ။  ။ အဲ့တာက​တော့ကျ​နော်​ကလူ​ပေါင်းစုံနဲ့​ပေါင်းတယ်​ဗျ။ အနုပညာပိုးရှိ​တော့အရင်​ထဲကလူ​ပေါင်းစုံနဲ့​ပေါင်း​လေ့လာထားပြီး
အခုကျ​နော်​ video ​တွေရိုက်​​တော့ ကိုသိသ​လောက်​ထဲက​နေ​စဉ်းစားပြီးဇာတ်​လမ်း​ရေးတယ်​။

ကျ​နော့်​မျက်​စိ​ရှေ့မှာလမ်းသွားရင်​မြင်​လိုက်​တဲ့အရာတစ်​ခုဆိုရင်​လဲကျ​နော်​ဇာတ်​ဖန်​တီးလိုက်​တယ်​။ ဖြည့်​​တွေးပြီး ။

Today  Z  မေး ။  ။ တခြားဖြည့်ပြောချင်တာရှိပြောပေးပါ။

လင်းထက်ကျော် ဖြေ ။  ။  ဟုတ်​ကဲ့ပါ။ ကျ​နော့်​ page က​နေတင်​တဲ့ video ​​လေး​တွေဆက်​ပြီးအား​ပေးပါအုံးဗျ ။
အ​ကောင်းဆုံးဖြစ်​ဆက်​ကြိုးစားပါမယ်​ဗျ။
အခု video ​လေး​တွေအား​ပေးကျသူများကို​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။
အခု အင်​တာဗျုးတဲ့ today z ကိုလဲ​ကျေးဇူးတင်​ပါတယ်​ဗျ။