ချစ်သုဝေ လုပ်အားပေးနေဆဲ

ချစ်သုဝေ လုပ်အားပေးနေဆဲ

ညီမလေးချစ်သုဝေရေးတဲ့စာ


ဒီနေ့ ရိုးမဘက် ခေတ်သစ်ဖောင်ဒေးရှင်းက အလှူ ကိုယ်တိုင်သွားခဲ့တယ်။အဝတ်အခြောက်ခံစက် 9လုံးရယ် scrub suit အစုံ ၁၂၀ရယ် အစားအသောက်တွေရယ် နဲ့..ဆရာနဲ့ လူကိုယ်တိုင်တွေ့ရတော့ထပ်လိုတာတွေလည်းသိခဲ့ရ…။

ရေးချင်တာ ခုမှစမှာပါ…
ရိုးမ ယာယီဆေးရုံမှာတော်တော်ကို ဖြည့်ဆည်းပေးထားတာပါ airconတွေလည်းရှိနေပြီ။ဆေးရုံအုပ် ဆရာကြီးနဲ့ပြောခွင့်ရလာတော့ လူနာတွေအဆင်ပြေစေဖို့ အဖက်ဖက်က စဉ်းစားပေးထားတာကို အားနာစွာနဲ့ပဲ ကြား လာရတယ်။ ဆေးလည်းကု နေရေးထိုင်ရေးဝမ်းရေး စိတ်ချမ်းသာပျော်ရွှင်ရေး အရာရာကိုပါ စဉ်းစားပြီး ပြောပြနေတာ…
ထပ်ဖြည့်တင်းမယ့်အင်အားတွေရော..အရာရာပေါ့..

တို့မြန်မာပြည်လေးက ငွေကြေးကြွယ်ဝတဲ့တိုင်းပြည်မဟုတ်ပေမယ့် နိုင်ငံတော်က အကောင်းဆုံးတွေလုပ်ပေး အလှူရှင်တွေက အင်ပြည့်အားပြည့်ဖြည့်တင်းနဲ့ တကယ့်ကို အံ့သြကြည်နူးစရာပါ
စေတနာတွေ ကူညီရိုင်းပင်းမှူတွေ မေတ္တာတွေ အင်မတန်မှချမ်းသာတာပါတကား🙏🙏🙏

ဒီတော့ ကိုယ်တွေဘာလုပ်နိုင်မလဲ
Maskတပ်ပါ၊ စနစ်တကျတပ်ပါ၊ စကားပြောလည်းတပ်ပါ၊ အသက်ရှုကျပ်လည်းတပ်ပါ၊၊ မေးမချိတ်ပါနဲ့ ၊တပ်ပြီးသေချာစွန့်ပစ်ပါ တစ်ခါသုံးတွေဆို အသစ်လဲပါ..ကိုယ်တပ်ထားတဲ့maskမှာပိုးတွေရှိတယ်လို့သာတွေးပါ…လက်ကိုဆပ်ပြာနဲ့စက္ကန့်၂၀ကြာဆေးပါ၊ စိတ်ထဲသံသယရှိတာနဲ့ဆေးပါ
အိမ်အဝင်အထွက် လူရော ပစ္စည်းရောပိုးရှိသကဲ့သို့ ဆက်ဆံပါ၊ လူဆို အပြင်ကပြန်လာ ခေါင်းလျော် ရေချိုး တကိုယ်ရည်ပစ္စည်း တွေပိုးသတ်၊
အစားအသောက်အသုံးအဆောင် ဆေးဖြန်းလို့ရတာ ဖြန်း နေလှမ်း ဆပ်ပြာနဲ့ဆေးချလို့ရတာဆေး၊ အစားအသောက် တွေကိုမရဘူးမှာစားမှာပဲဆိုရင် ပြန်နွှေး ပြန်ပေါင်းပြန်ကြော် ပြန်ပြုတ်…ကိုယ်မမြင်ရတာဘာမှမယုံနဲ့…

ဘာကျန်သေးလဲ
သြော်…သည်းခံရမယ်…ဘယ်လိုသည်းခံရမလဲဆိုတော့ အစွမ်းကုန်သည်းခံရမယ်…..
တကယ်ပါ ခုဟာကလေ ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ဖြည့်ဆည်းပေးတာတွေကမတရားကိုကောင်းမွန်တာပါ..

ဘာကြောင့်ဆို..
လွန်ခဲ့တဲ့ 14နှစ် treza မြောက်ဉက္ကလာမှာ house surgeonဆင်းရတုန်းက အိပ်ရတဲ့ ကျောခင်းရတဲ့ အခန်းလေး အဲ…နေရာလေးဆိုပိုမှန်… ပြချင်တယ်…Postingတစ်ခုလုံးနေရတာနော် day night dutyတွေဆင်းပြီးရင် အဲ့အလုံပိတ် အခန်းထဲ…airconမရှိ ဆေးရုံ သံကုတင်လေး အခန်းတံခါးလေး ဖွင့်ရင် အိမ်သာ အနံလေးတွေက ကြူကြူမွှေး။အဲ ကိုယ်လည်း အဲ့ အိမ်သာ ရေချိုးခန်း လူနာwardထဲကဟာ ပဲသုံးရတာပဲ..မောပမ်းလွန်း ဘ ယ်လိုအိပ်ပျော်မှန်းမသိ ခြင်ထောင်လေးမထောသ်မိရင် ခြင် အချီမခံသွားရတာကံကောင်းNAလာရင် ကောက်ထ..ဖယောင်တိုင်နဲ့ injectionလိုက်ထိုး… အဟေး..ပြောရင်းတောင်အရမ်းလွမ်းသွားပြီ…
တော်သေးပြီ..
ကလေး လည်းနိုးတော့မယ်နောက်postကျမှ ဆက်ရေးတော့မယ်နော်။

@Chit Thu Wai