Covidပတ်သက်ပြီးလူထုသိလိုတဲ့အချက်အလက်များ

Covidပတ်သက်ပြီးလူထုသိလိုတဲ့အချက်အလက်များ

COVID ကာလသတင်းများ

  • အမေစု ကျန်းမာရေးနဲ့ ပတ်သက်ပီး လာမေးနေကြသူတွေအတွက်တော့ ဦးဇော်ဌေးကလဲ တရားဝင်ပြောပီးပါပီ။ အမေစု ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။
  • မနက်ဖြန် ရန်ကုန်ကို LD ချမယ်လို့ လာမေးကြသူတွေအတွက်ကတော့ LD မချပါဘူး။ ဒါပေမယ့် မနက်ဖြန်က စပီး အထူးတင်းကြပ်စွာ ကိုင်တွယ်သွားပါမယ်။ ဈေးတွေကို သေချာ ကြီးကြပ်ပါမယ်။ အပြင်မထွက်ကြလေ ကောင်းလေမို့ ဒီ ၂ပတ်ကို သီးခံပေးကြပါ။
  • ရိုးမရိပ်သာ အပါအဝင် တချို့နေရာတွေမှာ အခက်အခဲတွေ ရှိနေပါတယ်။ အဓိကက Volunteer တွေ လိုနေပါတယ်။ ဒါကြောင့် လူငယ် လူရွယ် ကျန်းမာရေးကောင်းသူများ တိုင်းပြည်အတွက် ရှေ့ထွက် ကူညီပေးကြပါ။
  • မနေ့က ပိုးကူးစက်သူ အရေအတွက်က အရင်နေ့တွေကထက် အနည်းငယ် ကျလာပါတယ်။ နယ်တွေမှာ ပိုးကူးစက်သူတွေ ပိုမြင်လာနေရပါတယ်။ တပြည်လုံး ဂရုစိုက်နေထိုင်ကြပါ။ ICU ထဲမှာ လူနာ ၃၀ ကျော် ရှိနေပါတယ်။
  • ဒီ COVID ကူးစက်နေမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာကိုလဲ ချိတ်ဆက် ကြိုးစားနေပါတယ်။ ကမ္ဘာကလဲ အာရုံစိုက်နေကြလို့ အမြန်ဆုံး အနိုင်ရအောင် ကြိုးစားကြပါစို့။ ၂ ပတ်ကျော်ရင် လူနာသစ် နည်းသွားအောင် အားထုတ်ကြမယ်။ အရေးအကြီးဆုံး ရက်သတ္တပတ် ၂ ပတ်က မနက်ဖြန် စတင်ပါပီ။