pppပါတီဘာတွေလုပ်ဆောင်နေပါသလဲ

pppပါတီဘာတွေလုပ်ဆောင်နေပါသလဲ

ကိုဗစ်ကာလ အကျပ်အတည်းနဲ့ရင်ဆိုင်နေရသူတွေအတွက် ထမင်းတစ်နပ် ကျပ်နှစ်ရာ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်တဲ့ PPP ပါတီ

ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဟာ ကိုဗစ်ကာလအတွင်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေအတွက် ထမင်းတစ်နပ် ငွေကျပ် ၂၀၀ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)(သာကေတမြို့နယ်)နဲ့ YTP ကုမ္ပဏီလိမိတက်တို့ပူးပေါင်းပြီး ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ သာကေတမြို့နယ်အတွင်း ဆန်တစ်ဗူးနဲ့ ကြက်ဥတစ်လုံးကို ၂၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး လူတစ်ဦးကို ငါးထုပ်(ကျပ်တစ်ထောင်ဖိုး)အထိ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ရောင်းချပေးခဲ့တဲ့အထုတ်ရေစုစုပေါင်းက ၃၀၀၀ ဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က အသိပေးထားပါတယ်။

News and Photo Source – ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)Facebook Page