ယနေ့ဖတ်သင့်စာစု

ယနေ့ဖတ်သင့်စာစု

ကျနော် ဒီပုံလေးကိုစတွေ့တော့ ရယ်မိတယ်
ရယ်မိတာမှ အသံထွက်ပြီးတော့ကို ရယ်မိတာ..
ပုံတင်ထားတဲ့သူကလည်း ဟာသ သ​ဘောမျိုးလေးရေးပြီး တင်ထားတာဆိုတော့လေ

ဖားလေးဟာ ငါးလေးရဲ့ကျောပေါ်မှာပိုးပြီးတော့
ရေထဲမှာ တိုးလို့တွဲလျောင်းနဲ့
ငါးလေးကလည်း ဖားလေး သူ့ကျော်ပေါ်ခွပြီးတတ်နေတာကို ခါမချပဲ သူ့ဘာသာသူ ရေကိုဆက်ကူးနေတဲ့ပုံလေး
ပြောရရင် ပုံလေးဟာ ချစ်စရာလေး

ကျနော်က တစ်ခုခုဆိုရင် လူတွေမမြင်နိုင်တဲ့ဘက်ကနေ
နေပြီးတွေးရတာမျိုး သူများတွေမထင်တဲ့ တခြားတဖက်မှာ ဘာတွေများရှိဦးမလဲ ဆိုပြီး တွေးကြည့်ရတာမျိုးကို
သိပ်ကြိုက်တာ..
အဲ့တော့ဒီပုံလေးကို ကျနော့်ကြည့်ကြည့်ပြီး အတွေးတစ်ခု
ဖြစ်လာတယ် အဲ့တာ ဘာလဲဆိုတော့
တူသယောင်ယောင်ရှိတဲ့ ဖြစ်တည်မှုနှစ်ခုဟာ
ရေရှည်မှာ တကယ်အဆင်ပြေနိုင်ပါ့မလားဆိုတာပါပဲ

တကယ်တော့ ဖားလေး နဲ့ ငါးလေးဟာ
သူတို့သဘာဝအတိုင်းဆိုရင် ဘာမှသိပ်မကွာပါဘူး
ဖားလေးရော ငါးလေးရော ရေထဲမှာနေလို့ရတဲ့မျိုးစိတ်တွေပဲ
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ မဟုတ်ဘူး
ကျနော်က ထင်ယောင်ထင်မှားတွေ ဖြစ်နေတာ..
ငါးလေးဟာ ရေနေသတ္တဝါပဲ ကုန်းပေါ်မှာသူအသက်မရှင်ဘူး
ဖားလေးဟာလည်း ဒီလိုပဲ သူရေထဲမှာချည်းပဲလည်း
ကြာကြာမနေနိုင်ဘူး ကုန်းနေရေနေသတ္တဝါဖြစ်တဲ့အတွက်
ကုန်းပေါ်နဲ့ရေထဲမှာ အချိုးကျကျရှင်သန်နေရတာ..
ဒါက သူတို့နှစ်ယောက်ရဲ့ သဘာဝကပေးထားတဲ့
ဖြစ်တည်မှု နောက်ပြီး ရှင်သန်နိုင်မှုပေါ့

ဖားလေးဟာ ငါးလေးကိုဖက်တွယ်ထားတယ်
ငါးလေးဟာ ဖားလေးကိုဆက်ခေါ်သွားတယ်
သူတို့ နောက်ထပ် ဘယ်နှစ်မိနစ်လောက်အများဆုံး
ဒီလိုဖတ်တွယ်ထမ်းပိုးပြီး သွားနိုင်မလဲ
သိပ်မကြာဘူး ကျနော့်အထင် အများကြီးမကြာနိုင်ဘူး
ဖားလေးဟာ သူသိပ်ခင်တွယ်ပါတဲ့ဆိုတဲ့ငါးလေးနောက်ကို
ဒီလိုပဲ ဆက်လိုက်သွားမယ်ဆိုရင်
ကပ်တွယ်စရာကုန်းမြေမရှိတဲ့
ရေကန်အကျယ်ကြီးရဲ့အလယ်ကို ရောက်သွားတဲ့အခါ
သူပြန်လှည့်လာဖို့မလွယ်တော့ဘူး
ဒီလိုပဲ ငါလေးကရော ဖားလေးကို
ဘယ်လောက်အကွာအဝေးအထိခေါ်သွားနိုင်မှာတဲ့လဲ
ဖားလေးက လာဖက်တွယ်နေတဲ့အတွက်
အဝေးကြီးမသွားတော့ဘူးကွာဆိုပြီး အဲ့ဒီ့ရေစပ်လေးမှာပဲ
သူအကြာကြီးနေလို့မရဘူး သူ့သဘာဝအရ
ရေစပ်နဲ့ရေနက်တဲ့နေရာတွေမှာ ဟန်ချက်ညီညီရှင်သန်ဖို့
သူမဖြစ်မနေ သွားလာကူးခက်ရမယ်မဟုတ်လား

ကျနော်ပြောချင်တာက အဲ့တာပဲ
တစ်ခါတလေမှာ ကျနော်တို့ဟာ ကျနော်တို့နဲ့
အတွေးအခေါ်အ ယူအဆ ခံယူချက် ပန်းတိုင် စသဖြင့်
အဲ့လိုမျိုးအရာတွေတူညီနေတဲ့ သူတွေကိုတွေ့အခါ
ဒီလူဟာ ကျနော်တို့အတွက် လက်တွဲဖော်ပဲရယ်လို့
စိတ်ထဲ သတ်မှတ်လိုက်မိတဲ့အခါမျိုးတွေရှိတယ်မဟုတ်လား
အဲ့အခါမျိုးမှာ ကျနော်တို့က အဲဒီ့လူနဲ့အနီးကပ်ဆုံးရှိဖို့
အဲဒီ့လူနဲ့ ဘဝကိုအဆုံးသတ်ဖို့ကို ကြိုးစားကြတော့တယ်
ဒီလူဟာ ငါနဲ့အကြိုက်ချင်းရော စရိုက်ချင်းပါတူတဲ့အတွက်
ဘဝမှာ သိပ်ညှိစရာမလိုတော့ဘူး အဲ့ကျရင်
အဆင်ပြေတဲ့အချိန်တွေကသာများပြီး ဘဝမှာ
သူနဲ့ ဖြတ်လျှောက်ရတဲ့ အချိန်​တွေတိုင်းဟာ သိပ်ကို
ကျေနပ်နှစ်ခြိုက်စရာ သိပ်ကောင်းနေလိမ့်မယ်ပေါ့

ကျနော်တို့ ညှိယူလို့မရတဲ့ ဘဝပေးအခြေအနေတွေရှိတယ်
ပေါင်းစပ်လို့မရတဲ့ ကာလာတွေကိုယ်ဆီရှိကြတယ်
တူသယောင်ယောင်ရှိတာကို တကယ်တူနေတယ်လို့
စိတ်တံခါးပေါက်တွေ မဖွင့်ပဲတွေးထင်မိနေတာမျိုးတွေရှိတယ်
ဖားလေးဟာ ငါးလေးကို ဘယ်လောက်ကြာကြာ
ဖက်တွယ်ထားနိုင်မလဲ ငါလေးကရော ဖားလေးကို
ဘယ်လောက်ဝေးဝေးကို ခေါ်သွားနိုင်မှာလဲ
ဖက်တွယ်ထားနိုင်တယ် ခေါ်သွားနိုင်တယ်ဆိုဦးတော့
ဘယ်သူက ဘယ်လောက်ကြာကြာရှင်သန်နိုင်ကြမှာလဲ
ဖားလေးဟာ ငါးလေးအတွက် ကြာလာရင် အကျပ်အတည်းပဲ
ငါးလေးဟာလည်းဖားလေးအတွက် ကြာလာရင် အခက်အခဲပဲ
အဲတော့ ဒီပုံလေးကို ကြာကြာကြည့်လေလေ
ကျနော်မရယ်ဖြစ်တော့လေလေပဲ

တကယ်တော့ ငါးလေးတစ်ကောင်ရဲ့ဘဝထဲကိုခုန်ဝင်ဖို့
ကျနော်တို့ အနည်းဆုံး ငါးလေးတစ်ကောင်ဖြစ်နေဖို့လိုတယ်
ဖားလေးတစ်ကောင်ရဲ့ဘဝထဲကို ခုန်ဆင်းဖို့ဆိုရင်လည်း
ကျနော်တို့ဟာ ဖားလေးတစ်ကောင်တော့
ဖြစ်နေဖို့လိုတယ် မဟုတ်ဘူးလား…

တချို့သော ဖက်တွယ်မှုတွေဟာ
တစ်ဖက်ကမ္ဘာမှာ အကျပ်အတည်းပါပဲ
တချို့သော မပြတ်သားမှုတွေဟာ
တစ်ဖက်ကမ္ဘာမှာ အခက်အခဲပါပဲ..

တူသယောင်ယောင်ရှိတဲ့ မတူညီတဲ့ဘဝတွေထဲကို
ကျနော်တို့ ခုန်ဆင်းမိကြတဲ့အခါပေါ့

၊ဝေယံနွယ်၊

ဝေရီး