ခံစားချက်မို့ဖတ်ပေးပါ

ခံစားချက်မို့ဖတ်ပေးပါ

ခိုင်းလို့လုပ်နေတာမဟုတ်ဘူး၊မလွန်ဆန်နိုင်လို့ လုပ်နေတာမဟုတ်ဘူး၊ငါတို့ မေ့ဆေးဆရာဝန်တွေဆရာဝန် လူလိုခံစားတတ်လို့ ဆရာဝန်စိတ်ရှိလို့ ခုထိဘယ်နေရာမှာလုပ်လုပ် လိုက်လုပ်နေတာ၊ ဆရာဦးဇော်ဝေစိုး ဘာအတွက် အလုပ်လုပ်တယ်ဆိုတာအရင်ကတည်းက သိပြီးသား၊ သူ့အကျိုးစီးပွားအတွက် တခါလေးမှမလုပ်ဘူးဘူး၊ငွေကြေးကြောင့် ဂုဏ်ကြောင့်သူလုပ်နေတာမဟုတ်ဘူး၊ သူ့စိတ်ဓါတ်ကအငယ်တွေကိုသားသမီးလိုဘဲစောင့်ရှောက်တယ်နားလည်ကြလို့ခုထိ မနိုင်ဝန် ထမ်းနေရတာတောင်ငါတို့ အငြင်းသေးဘူး။

အရေးပေါ်ခွဲခန်းကို PUIတွေ များလာလို့‌နေရာခက်ခဲလာလို့ ပုံမှန်ခွဲစိတ်ခန်း Modular OT မှာပြောင်းခွဲကြတယ်၊အဲ့ဒီအချိန်မှာ အရေးပေါ်ခွဲစိတ်၊ထိခိုက်လူနာတွေ (၃) ယောက်ခွဲပြီးမှ Covid ကူးစက်ထားမှန်းသိကြတယ်၊ထိတွေ့မိသူတွေလိုက်စစ်လိုက်တော့ အရိုးဆရာဝန်၊မေ့ဆေးဘွဲ့လွန်‌တက်နေသောဆရာဝန်၊သူနာပြုတွေ၊သူနာပြုဆရာမကြီး၊အလုပ်သမား(အငယ်တန်းဝန်ထမ်း) အများအပြားကူးစက်ခံကြရတာတွေ့ရတယ်။ ခွဲခန်းတိုင်း ကလူတော်တော်များများ ကိုဗစ်ကူးဆက်နေကြတယ်၊ ကိုဗစ်ပိုးရှိလူနာလို့မသိလို့ ကတမျိုး ကူးဆက်ခံထားဝန်ထမ်းအချင်းကူးတာကတစ်မျိုး ပိုးကူးနေကြတာ၊

IsolationICU ဆိုတာ ကိုဗစ်လူနာတွေကို သီးခြားထားတဲ့နေရာ ၊အဲ့ဒီနေရာမှာတာဝန်ထမ်းဆောင်နေရတဲ့ မည်သူမဆို အိမ်မပြန်ခြင်ကြဘူး။
ဆေးရုံအသီးသီးမှာတာဝန်ထမ်း‌နေသူမည်သူကြီးငယ်မဆိုကိုယ့်ဆီကပိုး အိမ်ကမိသားစုကိုကူးမှာ‌သေမလောက်ကြောက်ကြတယ်၊ အလုပ်ချိန်ပြီး အိမ်ပြန်ဘို့ခက်လာကြတယ်၊ နေစရာအတွက်အခက်အခဲဖြစ်လာတယ်၊ ဆေးရုံအုပ်ကြီးမှာလဲ ရှိတာလေး ရထားတာလေးတွေက ဆင့်ပါးစပ်နှမ်းပက်သလို၊ ပေးရမဲ့လူကအများကြီး၊အလုပ်သင်ဆရာဝန်လေးတွေ လက်ထောက်ဆရာဝန်လေးတွေ နေရာစုံမှာလုပ်နေကြရတာ၊သူတို့လေးတွေလဲအိမ်ပြန်ဘို့ကြောက်ကြတယ်၊ဆေးရုံအုပ်ကြီးခမျာလဲ သူလုပ်ပေးနိုင်တဲ့အတိုင်းတာလွန်နေပြီ၊မေ့ဆေးဌာနတခုလုံးအနေနဲ့နေဘို့တောင်းထားတာ၄၅ ယောက်စာ ။ Garden view condo မှာရထားတာ ၁၀ ယောက်စာ၊၂ထပ်ကုတင်နဲ့ တစ်ခန်း ၄ယောက် ၊ကလေးတွေကပြောတယ် ပြင်လို့မပြီးသေးလို့လားမသိဘူးသူတို့အခန်းတွေပန်ကာမရဘူးတဲ့၊ကျောတခင်းစာလုံခြုံစွာအိပ်ဘို့ရတာကျေးဇူးတင်လို့ပြောလိုက်ရတယ်၊သူတို့လေးတွေကို ပန်ကာနဲ့ air cooler ဝယ်ပေးမယ်ပြောထားတယ်၊ခုထိဝယ်တဲ့စခန်းမရောက်သေး ၊စနေနေ့ဝယ်ကြမယ်ပြောထားရတယ်၊ကျန်လူတွေနေစရာအမြန်ရမှဖြစ်မယ်၊နေရာရဘို့ဘယ်လိုလုပ်ရမလဲ၊လူကြီးတွေလုပ်ပေးနေတာစောင့်နေတာ၊သူတို့လုပ်ပေးမှာပါဆိုတဲ့‌မျှော်လင့်ချက်နဲ့၊ပြန်ဘို့မဖြစ်နိုင်တော့တဲ့ ဆရာဝန်ကြီးငယ်တွေများလာပြီ၊ နေစရာကခက်ခဲဆဲ၊ Positive Case တွေကြည့်ပေးနေရတဲ့ IsolationICU မှာဂျူတီကျတဲ့ ဆရာဝန်တွေစာသင်ခန်းမှာဖယောင်းပုဆိုးခင်း၊အိမ်လုပ်နေတာကြာပေါ့၊ကုတင်၅လုံးဘဲရမယ် ကျန်သူတွေ ကဂွမ်းကပ်ခင်း စုပြုံမနေနဲ့ဆိုလို့ ဖြစ်သလိုခွဲထားရတယ်။စားဘို့ ဆေးရုံအုပ်ကြီးဆီကအလှူထမင်းဘူးတွေရတယ်။
ရေချိုးဘို့လား၊ဘေဇင်မှာ ခွက်ခံချိုးတယ်၊အေးဆေးပါ၊ဆေးရုံမှာဖြစ်သလိုနေတတ်၊အိပ်တတ်မှဆရာဝန်ပီသတာ၊

လူတိုင်းနားခွင့်ရှိတဲ့အချိန်လေးမှာတော့အိမ်ပြန်ခြင်တာပေါ့၊မတတ်သာလွန်းလို့မပြန်ကြတာ။ ကိုယ်အိမ်ကအနွေးထွေးဆုံး၊သက်တောင့်သက်သာအဖြစ်ဆုံးဘဲလေ၊လူတိုင်းသိတယ်၊

တ/ဥ COVID ICU ဂျူတီတပတ်သွားပြီးပြန်လာသူ ၆ ယောက် အိမ်မပြန်ဘဲ ရောဂါလက်ခဏာပေါ်မပေါ်စောင့်ကြည့်နေဘို့ လိုလို့ ဆေးရုံအုပ်ကြီးက တခန်းပေးထားတယ်၊စားတာကတော့ကိုယ့်ဖာသာဖန်တီးတယ်၊ မတောင်းဆိုပါဘူး၊
တဖွဲ့လာတဖွဲ့ပြန် တ/ဥ ပြန်တွေထိအဆင်ပြေနေတယ်၊ ဖောင်ကြီးထပ်သွားရပြီ၊
ဖောင်ကြီး‌‌ဂျူတီဆင်းပြီးပြန်လာပြီ၊ပြန်လာရင်အိမ်မပြန်‌သေးဘဲတပတ်နားစောင့်ကြည့်ကာလလေးမှာနေဘို့နေရာလေးတစ်ခုလိုလာပြီ၊ နေရာလေးတခုရတယ်ဆိုလို့၊လာနေပါဆိုလို့ ဖောင်ကြီးပြန်တပတ်နားစရာလေးအဆင်ပြေသွား၊ချက်စားဘို့နေရာလေးလုပ်ပေးထားတော့အဆင်ပြေ၊တဖွဲဆင်းတဖွဲ့တက်၊ တပတ်ပြည့်တာနဲ့ပြန်တာပါ၊အမြဲနေတာမဟုတ်ပါဘူး၊ကြားခံကာလလေးတခုအနေနဲ့နေတာပါ။
ဟောနောက်တစ်နေရာလုပ်အုန်းမယ်တဲ့ လူကုန်သုံးရတော့မယ်ဆိုပါမှ နောက်တန်းမှာတင် ကိုဗစ်ကိုက်ကုန်ပြီ၊
ဒီအချိန် ကိုဗစ်တွယ်လို့ ရှေ့တန်းမရောက် နောက်တန်းမှာတင်လူနာဖြစ်ကုန်ကြပြီ၊ပိုးမတွေ့သေးသူတွေစုဆောင်းထားဘို့လိုပြီ။အိမ်ပြန်လွှတ်လို့မဖြစ်တော့တဲ့အခြေအနေပါ။သူတို့ဆီကပိုးကူးနိုင်သလို အိမ်ကနေလမ်းတစ်လျှောက်ပိုးကူးကုန်လို့မဖြစ်ပါ၊အရေးပေါ်ဒီလူတွေနေစရာမြန်မြန်မပေးရင် အလုပ်လုပ်စရာလူမကျန်နိုင်တော့ပါ။
တိုက်မယ်တိုက်မယ်အော်ပြီးလူမရှိရင်ဘာနဲ့လုပ်ကြမယ်မသိပါ၊
လူအရင်စုဆောင်းဘို့လိုပါတယ်ဆိုတာ နားမလည်တာ အံ့ဩစရာ။ ဆရာဇော်ကတော့ကောင်းကောင်းသဘောပေါက်တယ်၊
နေစရာတောင်းနေတာအလုပ်လုပ်ခြင်ကြသေးလို့ပါ၊
Modular OTမှာ အလုပ်သမား ၁၈ယောက်မှာ ၁၃ယောက် Positive ထွက်ပြီ၊သူနာပြုဆရာမကြီး၁ယောက်အပါဝင်သူနာပြု၎ဦး၊မေ့ဆေးဘွဲ့လွန်‌ကျောင်းသား ၁ဦး ၊အထူးကြပ်မတ်ဆောင်Isolation ICU တာဝန်ယူထာူတဲ့မေ့ဆေးဆရာဝန်ကြီး ၁ ဦး ကူးဆက်နေပြီ၊
နဂိုကတည်းကလူနည်းပါတယ်ဆို ကူးဆက်မှူထပ်မဖြစ်အောင်လူခွဲထားရမယ်၊ မြန်မြန်နေစရာရှာ လူခွဲထားစရာနေရာရှာရမယ်၊ဆုံးဖြတ်လိုက်တယ်ဆရာဦးဇော်ဝေစိုးကို ကူးစက်မှု့အခြေအနေတွေနဲ့ ပိုးစစ်နေချိန်ထားရမဲ့နေရာအခက်ခဲ‌ပြောပြလိုက်တယ်၊Negativeထွက်လာသူတွေကို ပြန်မလွှတ်ဘဲအကောင်းကျန်အောင် လူသိမ်းရတော့မယ်ဆရာ နေစရာမရှိသေးဘူးဆိုတာနဲ့ မြန်မြန်စစ်၊နေစရာရှာမယ် ပြောပါတယ်၊MSကလဲ တထပ်ထဲ ဘဲပြောလာတယ်၊ဆရာ၊မမတို့အဆက်သွယ်နဲ့ hotel YNOမှာ နေစရာရလို့ စစ်ပြီး ပိုးမတွေ့သူတွေပြန်လာကြတယ်၊ ICU နဲ့ အရေးပေါ်ခွဲခန်း၂၄နာရီဂျူတီဆင်းရမဲ့ဆရာဝန် ၈ ယောက်နေစရာမရှိသေးလို့ ၃‌၊ ၄ရက်နေပါမယ်၊ကျမတို့နေရာရရင်ပြောင်းပါမယ်လို့ပြောတော့Hotelကူညီသူများဘက်ကလိုလိုလားလားကူညီကြတယ်၊နေပါပြောကြတယ်၊‌နေစရာရှိတာနဲ့‌ပြောင်းကြမှာပါ၊တဖက်ကလဲ ဆရာမေ့ဆေးဆရာဝန် ကြီး၊ငယ် ၊ဘွဲ့လွန်ကျောင်းသားအပါဝင်၄၅ ယောက်လောက်နေဘို့ နေရာ အဲ့ဒီနေရာ က ဂျူတီဆင်းဘို့လိုနေပြီ၊အိမ်ပြန်ခိုင်းလို့မဖြစ်တော့ဘူးဆို‌တော့ဆရာကလဲ အမြန်ရှာ‌‌ပေးမယ်ပြောပါတယ်၊မမMSကလဲ Holly hotel ရှိတယ်အဝေးပြေးဝင်းနားမှာဆိုတော့ ကားကမရှိပြန်တော့ အလုပ်လာဘို့ခက်ပြန်ရော ၊ကားရှိသူဆရာဝန်လေး၃ယောက်ကိုအဲ့ဒီပို့၊ကျန်တဲ့ကလေးတွေကလဲဘယ်နေရမလဲမေး၊ကိုယ့်မှာလဲရမှာပါဆရာစီစဉ်နေပါတယ်ပြောထားရ၊ သူတို့တာဝန်ထမ်းဆောင်နေကြတဲ့ Neuro ခွဲခန်းဆရာမလေးတွေpositiveထွက်ပြန်ပြီဆိုတော့အဲ့ဒီကဘွဲ့လွန်‌ကျောင်းသူ‌လေးတွေအိမ်မပြန်တော့ဘူးသူတို့အလုပ်ဆင်းမယ်‌ ‌နေစရာရှာပေးပါဖြစ်ပြန်ရော၊ဒီ၂ရက်လောက်သူတို့၂ယောက်ကိုholly ကိုပို့ထား၊၊သူတို့အချင်းချင်းလဲမတွေ့ကြဘို့မှာ၊အဖြေကောင်းသူတွေထပ်အကူးမခံရဘို့ အိမ်မပြန်ကြဘို့လိုတယ်၊သူတို့ဆီကပိုးတစ်သိန်းအိမ်ကလူဆီမပို့ဘို့လိုတယ်၊
မနေနိုင်တဲ့လူကကြားကူညီလို့ Yangon air port hotel ရမယ်၊ဂျုတီဆင်းဘို့ အသွားပြန်ကားစီစဉ်ပေးမယ်၊ဆိုတာနဲ့စပြောင်းဘို့လုပ်ကြတယ် စားဘို့အစီစဉ်မသိသေးဘူးပြောတာတောင်ရပါတယ်၊နေစရာလေးရရင်တော်ပါပြီပြောကြတဲ့ကလေးတွေ၊အလုပ်သွားဘို့အဆင်ပြေသွားတာကိုကျေနပ်နေကြတာ၊စားဘို့ကဖြစ်လာနိုင်တာဘဲလေ၊ၒ
ကျမတို့အိုးမဲ့အိမ်မဲ့မို့သူများHotel တက်နေတာမဟုတ်ပါ၊ကျမတို့နေစရာအတွက်သက်ဆိုင်ရာကခွင့်ပြုလို့၊အလှူ့ရှင် ကလဲလှူထားလို့အလုပ်လုပ်ဘို့နေကြတာပါ၊ဒါကိုကျွန်တော့်ခွင့်ပြုချက်မတောင်းဘဲခင်ဗျားကျောင်းသားတွေကသွားနေကြတယ် တာဝန်မဲ့ စကားမပြောပါနဲ့၊ကိုယ်စကားကိုယ်တာဝန်ယူပါ၊ကျမတို့စိတ်ပင်ပန်းနေတာနားလည်ရဲ့လား၊တဖြုတ်ဖြုတ်Positive တွေပါနေတာ၊ဒီညICU က ဆရာမ၄ယောက်ပါပြန်ပြီ၊အလုပ်လုပ်ခြင်စိတ်မရှိတော့အောင်စိတ်ကုန်အောင် မလုပ်ကြပါနဲ့၊ ကျမက အကြိမ်ကြိမ်ထွက်ခွင့်တောင်းထားသူပါ၊လုပ်ဖေါ်ကိုင်ဖက်တွေကိုဒီအခြေအနေမှာ မထားခဲ့ရက်လို့ နေနေတာပါကိုယ့်အငယ်ကလေး‌‌တွေကိုတာဝန်မဲ့မထားနိုင်သေးလို့လိုက်လုပ်နေတာပါ၊ ဟိုနေရာဒီနေရာနေနေကြသားနဲ့နေစရာမရှိဘူးပြောတယ်ဆိုတဲ့စကားပြန်ပြင်ပြောပါ၊လူ၄၅ ယောက်နေဘို့လိုနေတာလို့ပြောထားပြီးသား၊ကူးမစိုးလို့ ရသလိုလေးလိုက်ထားနေတာကိုနားမလည်ဘဲ ရမ်းသမ်းမပြောပါနဲ့၊ ကျမတို့ရဲ့တာဝန်ခံသူလို့သိထားတဲ့ Rector နဲ့ MSကိုမပြောဘဲ ဘာတစ်ခုမှမလုပ်ထားဘူး၊၊အချိန်မှီမစီစဉ်ပေးဘဲ လူကုန်ပိုးကူးကုန်မှနေစရာပေးမနေနဲ့၊ဘယ်ဟာဦးစားပေးလုပ်ရမယ်ဆိုတာမသိဘဲဦးဆောင်မနေနဲ့၊ သေကုန်လိမ့်မယ်။ပြောထားမယ်နော်၊ဘာထုခြေလွှာမှလာမတင်ခိုင်းနဲ့၊ပြောသင့်တယ်ထင်လို့ပြောတာPhyu khinmoe