ဖိုက်တင်း

ဖိုက်တင်း

COVID ကာလ ရှေ့ဆက်မည့်လုပ်ဆောင်ချက်များ

  • ကျန်းမာရေးဝန်ထမ်းများအတွက် နေထိုင်စရာ အဆောင်များ၊ သို့ ဟိုတယ်များ စီစဉ်ပေးရန်နှင့် ကျသင့်သည့်ငွေကို ဝန်ကြီးဌာနမှ ကျခံမည်။
  • တိုင်းနဲ့ ပြည်နယ်များမှ စစ်ကူလာကြသည့် ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်မှုကို ဦးစားပေးဆောင်ရွက်မည်။ ဤ ၂ခုကို ဆရာကြီးဦးဇော်ဝေစိုးက ဦးဆောင်လုပ်ဆောင်မည်။
  • လူနာများကို စွမ်းစွမ်းတမံ ကုသရင်းဖြင့် ပိုးကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများ သီးသန့်တက်ရောက်နိုင်ရန် ဆေးရုံတခုကို စီစဉ်နေသည်။ ဆေးပညာပါမောက္ခဦးဇော်လင်းအောင် ဦးဆောင်သည်။
  • အလျင်အမြန် Antigen စစ်ဆေးနိုင်သည့် Test kits အခုရေ ၂ သိန်း မှာယူထားသည်။ တောင်ကိုရီးယားမှ ဒေါ်လာ ၅သိန်းဖိုးလှူမည်။ Test kit များ၏ တိကျမှုသည် ၉၀% ကျော်ရှိပီး တန်ဖိုးအားဖြင့် 5 $ ခန့်သာ ရှိသောကြောင့် နိုင်ငံတော်အတွက် အချိန်၊ ငွေ၊ လူအား သက်သာနိုင်မည်ဖြစ်သည်။
  • မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ တိုင်ပင်လျက်ရှိပီး စာရင်းပေးထားသော In service မဟုတ်သည့် Volunteer ဆရာဝန်များပါ ပူးပေါင်းတိုက်ပွဲဝင်ရန် စီစဉ်နေသည်။
  • ဆေးရုံအုပ်ကြီးများ လိုအပ်သည့် အရာများ၊ ဆေးများ၊ ပစ္စည်းများကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား တင်ပြစေလို။ သို့မှသာ အထက်က သိရှိပီး ဖြည့်ဆည်းနိုင်မည်ဟု ဝန်ကြီးပြော။ အိညောင်အိညောင် ဝေ့လည်လည် လုပ်မနေပဲ လိုတာပြောကြပါ။ အားလုံးကောင်းပါသည်ဆိုတာမျိုး လုပ်မနေပဲ လိုနေတာကို ပြတ်ပြတ်သားသား ပြောပြကြဖို့ ဝန်ကြီးက ခဏခဏပြောနေရတာ မဟုတ်သေးဘူး။ လက်ရှိ ဆေးရုံမှာ ရှိနေတဲ့ ဆေးပစ္စည်းတွေ အရေအတွက်ကိုလဲ Dash board မှာ နေ့စဉ်ဖော်ပြဖို့ ပြောထားပါတယ်။
  • COVID ရှေ့တန်းဆေးရုံတွေမှာ လိုနေတဲ့ ရွေ့လျားဓာတ်မှန်စက်၊ ရွေ့လျား Ultrasound စက်နဲ့ Liquid Oxygen တွေကို ချက်ခြင်းဖြည့်ဆည်းပေးသွားမည်။
  • ကျန်းမာရေးဝန်ထမ်းတွေအတွက် နေစရာ ကူညီလိုသူတွေအနေနဲ့ ဆေးရုံအုပ်ရုံးခန်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပီး ကူညီကြတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။
  • တိုက်ပွဲက မပီးသေးပါဘူး။ ဆက်လက်ပီး တိုက်ပွဲဝင်ကြပါ။ လူနာသစ်ဦးရေက ၂ ပတ်ကျော်မှ စတင်လျော့ကျ လာပါလိမ့်မယ်။NayThway
photo-yangon