သက်သေမှု

သက်သေမှု

ဂျပန်မှာအရမ်းအောင်မြင်ပြီးနာမည်ကြီးတဲ့ရုပ်ရှင်မင်းသမီး Takeuchi Yuuko(တခဲအုချီ ယူးခို ဆုံးသွားပြီတဲ့။ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်လို့ယူဆရတယ်တဲ့။

ယူးခိုကအောင်မြင်တဲ့ရုပ်ရှင်တွေအများကြီးရိုက်ခဲ့ပြီး၊ဂျပန်အကယ်ဒမီဆုတွေရခဲ့ဖူးပါတယ်။
အမျိုးသားပရိသတ်တင်မကဘဲ အမျိုးသမီးပရိသတ်တွေပါ အများကြီးရှိတဲ့သူပါ။ကျမလည်း သူ့ပရိသတ်ပါပဲ။

ကွယ်လွန်ချိန်မှာ အသက် 40ရှိပြီဆိုပေမဲ့အရွယ်နဲ့မလိုက်အောင်နုဖတ်ပြီးလှသူပါ။

သူ့မှာသားလေးနှစ်ယောက်ရှိပြီး အကြီးလေးကအသက် အသက် 15နှစ်၊အငယ်လေးက 9လပဲရှိပါသေးတယ်။ဇန်နဝါရီလကမှကလေးမွေးထားတာပါ။သူ့ခင်ပွန်းကလည်းရုပ်ရှင်မင်းသားပါပဲ။

ကိုရိုနာ ကပ်ဆိုက်နေတဲ့အချိန်မှာ ဂျပန်အနုပညာရှင်တွေ သတ်သေကြတာလည်း ဆိုင်လားမဆိုင်လားတော့မသိပါဘူး။အနုပညာရှင်တွေတောင်ကိုယ့်ကိုယ်ကိုယ်သတ်သေနေကြတယ်ဆိုတော့ ကိုရိုနာကြောင့်အလုပ်ပြုတ်၊ဆိုင်ပိတ်ရ၊စီးပွါးပျက်ကုန်ကြတဲ့သာမာန်ဂျပန်တွေတော့ ဘယ်လောက်တောင်သတ်သေနေကြလဲမသိဘူး။စိတ်မကောင်းစရာပါပဲ။သက်သက်နုထွေး