မန္တလေးတိုင်းဘက်ကကျေးရွာများသို့သတိပေးခေါင်းလောင်းသံ

မန္တလေးတိုင်းဘက်ကကျေးရွာများသို့သတိပေးခေါင်းလောင်းသံ

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉  အတည်ပြုလူနာ
(၈)ဦး စတွေ့
——————————————–
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ တည်ပြုလူနာ (၈)ဦးကို စက်တင်ဘာလ(၂၈)ရက် ညပိုင်းက စတင်တွေ့ရှိခဲ့ပါတယ်။

အတည်ပြုလူနာတွေဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ကနေ ကိုယ်ပိုင် လိုက်ထရပ်ယာဉ် (၃)စီးနဲ့ ပြန်လာသူတွေထဲက ဖြစ်ပြီး ရွှေစုခင် ကျေးရွာကို စက်တင်ဘာလ(၂၅)ရက်မှာ ရောက်ရှိလာကြတာဖြစ်လို့ သိရပါတယ်။ 

ရောက်ရှိတဲ့နေ့မှာ ကျေးရွာ အ. မ. က ကျောင်း အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းကို တိုက်ရိုက်ဝင်ရောက် နေထိုင်ခဲ့သူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၂၇)ရက်မှာ ဓါတ်ခွဲနမူနာတွေရယူပြီး စစ်ဆေးခဲ့ရာ စက်တင်ဘာလ(၂၈) ရက်မှာ ပိုးတွေ့ခဲ့ရတာ ဖြစ်ပါတယ်

အတည်ပြုလူနာတွေ ဟာ အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး (၅)ဦးဖြစ်ပြီး အသက်ကြီးဆုံး (၃၄)နှစ်နဲ့ အသက်ငယ်ဆုံးကတော့ (၄)နှစ်အရွယ် ကလေးတစ်ဦး ပါတယ်လို့ သိရပါတယ်။

အတည်ပြုလူနာတွေကို  မလှိုင်မြို့နယ် ဆေးရုံကြီး သံဃာ့ဆောင်မှာ သီးခြားထားရှိ ကုသမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ရွှေစုခင် ကျေးရွာ အ. မ. က ကျောင်း အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းမှာ နေထိုင်နေသူ (၄၅)ဦး ကျန်ရှိနေပြီး  ကျေးရွာကိုတော့ အသွားအလာ ကန့်သတ်ထား ပါတယ်။ ကျေးရွာလုံခြုံရေးအတွက်ကို  ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ စေတနာ့ ဝန်ထမ်း အဖွဲ့တွေက စောင့်ကြပ် ကြည့်ရှုနေတယ်လို့  သိရပါတယ်။

မလှိုင်မြို့နယ်မှာ အတည်ပြုလူနာ စတင်တွေ့ရှိပြီ ဖြစ်လို့ ဒေသခံ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်သင့်ပါ။

ကိုးကား_ (မလှိုင်)

ဝေမျှဖော်ပြအစီအစဉ်

photo