ရန်ကုန်အတွက် နောက်ဆုံးတိုက်ပွဲ

ရန်ကုန်အတွက် နောက်ဆုံးတိုက်ပွဲ

ရန်ကုန်မှာရှိသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် (လူ (7)သန်း) တစ်ဦးတစ်ယောက်ချင်းစီ အတူပါဝင် စည်းကမ်းလိုက်နာပြီး တိုက်မှသာ နိုင်မယ့် “နောက်ဆုံးတိုက်ပွဲ”ပါ ။ နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်ပါ ။

ပိုးစစ်တဲ့ပုံစံပြောင်းတာရယ် NHA ရဲ့ Overload ကိုလျှော့တာမို့ ဒီနေ့ 390- ကျော်ပဲ တွေ့မှာပါ ။ လူလျော့စစ်ထားလို့ပါ ။ Antigen Test တွေ Kit တွေနဲ့ စစစ်တော့မှာမို့ နောက်ရက်တွေ ထောင်ချီထွက်လာမှာပါ ။

ပိုးတွေ့လူနာနဲ့ ဆေးရုံကုတင်လုံလောက်အဆင်ပြေနေပါတယ်
-အောင်မြင့်မိုရ် ကုတင် 500
-ရိုးမ (၂)
ပြင်ဆင်ပြီးပါပြီ
-ယဉ်ကျေးမှုတက္ကသိုလ်
-ရန်ကင်းပညာရေးကောလိပ်
-နယ်စပ်စည်ပင်သင်တန်းကျောင်း များ ပြင်ဆင်လျှက်ရှိပါတယ်
-YCC
-Fortune Plaza တို့ကိုလည်း ကြည့်ထားပါတယ် ။

အောင်မြင့်မိုရ်မှာ သံဃာတော်များကို ဝိနည်းနဲ့အညီကုသပေးနိုင်ရန်စီစဉ်ထားပါတယ် လိုအပ်လာရင် သာသနာရေးနဲ့ပူးပေါင်းပြီး ဗိမ္မာန်တော်များမှာ ထားရှိပါမယ် ။ 1000-1500 စာ စီစဉ်ထားပြီးပါပြီ ။
Oxygen နဲ့ ကုသမှုလိုအပ်လာရင် သီးခြားဆေးရုံစီစဉ်ထားပါတယ်
သရက်တောကျောင်း ဒီနေ့ SWOT အပါး (100) ကျော် ယူနေပါပြီ ။
တပ်မတော်(ဆေး)နဲ့ ညှိနှိုင်းပြီး ကုသဖို့ပို့သင့်တာပို့နေပါတယ် ။
သူတို့ဆီကနေရာ 500-1000 စာလောက်ထပ်ရပါမယ် ။

အတိုင်ပင်ခံရဲ့ ညွှန်ကြားမှုနဲ့အညီ
ဒီတစ်ပတ် Containment “နောက်ဆုံးတိုက်ပွဲ”တိုက်ဖို့ အင်နဲ့အားနဲ့ အစွမ်းကုန်ပြင်ဆင်နေပါတယ် ။

လမ်းပေါ် ကားပေါ် ရပ်ကွက်ထဲ အိမ်ထဲ (ထမင်းကို တစ်ယောက် တည်းစားပါ မျက်နှာချင်းဆိုင် အတူမစားပါနဲ့) လိုက်နာရမယ့်စည်းကမ်းတွေလိုက်နာပြီး သည်းခံခွင့်လွှတ်ပြီး အစွမ်းကုန်တိုက်ပေးကြပါ ။

အရေးအကြီးဆုံးအချိန်ပါ ။
အနူးအညွတ် မေတ္တာရပ်ခံပါတယ် ။ နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင် ..

ဒီတစ်ပတ်ထိန်းနိုင်မှ ရန်ကုန်ကိုထိန်းနိုင်ပါမယ် .. တစ်နိုင်ငံလုံးကို ထိန်းနိုင်ပါမယ် ။

(Dr. ဇော်ဝေစိုး 28.9.20)

လူတိုင်းလူတိုင်းဆီကို ဒီ Message ပို့ပေးပါ ။ ( Dr.ဇော်ဝေစိုးရဲ့ Request ပါ ) ( 28.9.2020)