ရန်ကုန်ရေအနိုင်တိုက်နိုင်ပါမလား

ရန်ကုန်ရေအနိုင်တိုက်နိုင်ပါမလား

လုပ်ဖော်ကိုင်ဖက်ညီတစ်ယောက်ရေးတဲ့စာပါ


ရန်ကုန်ရေ အနိုင်တိုက်ရ​အောင် …တဲ့

တိုက်ပွဲခေါ်သံ လို့ ခံစားရပါတယ်
“နောက်ဆုံး”ဆိုတဲ့ စကားလုံးကို ဆရာဇော်ဝေစိုးမနေ့က ထပ်ခါတလဲလဲ သုံးသွားပါတယ်။ရန်ကုန်ကျရင် တစ်ပြည်လုံးဘာဖြစ်မယ်ဆိုတာ ပြောစရာမလိုတဲ့ ကိစ္စပါ။

လက်တွေ့နေ့စဉ်မှာ အစိုးရ လုပ်သမျှကို
မပိတ်သေးဘူးလား ၊ ပိတ်ပါတော့လား
ဘာလို့ပိတ်တာလဲ ၊ ဘာလို့ကပ်ပြီးပိတ်တာလဲ
YBS က ဘာဖြစ်
ကိုယ်ပိုင်ကားက ဘာဖြစ်
Online QR Pass ကဘာဖြစ်
ကန့်လန့်ကိုတိုက်လို့ တစ်ကိုယ်စီရဲ့အတ္တတွေ
ရေးနေပြောနေကြတာတရားကျစရာမြင်ရတယ် ။

ကမ္ဘာမှာ ဘယ်သူမှ မကြုံဖူးတဲ့ ကပ်ဘေးမို့ မမြင်ဖူး
ခဲ့တဲ့ပိုးမို့ Plan A B C တွေလည်း သိပ်အလုပ်မဖြစ်တာ ကမ္ဘာနဲ့အဝှမ်းမှာအမြင်ပါပဲ… ။

အစိုးရလည်းမီးစင်ကြည့်’က’ အကောင်းဆုံးကြိုးစားပေးနေတာလည်း မြင်ရက်နဲ့ကိုယ့်တိုင်းပြည်ရဲ့ Resource နဲ့ ကိုယ့်အစိုးရရဲ့အခြေနေလည်းသိရက်နဲ့…

အင်း ပြောခွင့်ရှိတဲ့ခေတ်မှာ ပြောခွင့်ရနေတာ ကံကောင်းကြပါတယ်လို့ ။ပြောခွင့်မရှိတဲ့ခေတ်မှာ လူဖြစ်လာခဲ့ဖူးသူတစ်ဦးအနေနဲ့ တွေးမိတယ်။

ကိုယ့်အတ္တနဲ့ကိုယ် ကိုယ့်တာဝန်ဝတ္တရားနဲ့ကိုယ် အခုချိန်ထိ လက်တွေ့ထွက်မကူနိုင်သေးသူတစ်ယောက်ရဲ့ အသွေးထဲ အသားထဲကနေ

ရှေ့တန်းတိုက်စစ်မှူးတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
-ဦးညွှတ်ပါတယ်
စကားလုံးရှာမရအောင်အထိ
-လေးစားပါတယ်

ကျွန်တော်တို့ စကားနားထောင်မယ်
ဒီတိုက်ပွဲကို ကျွန်တော်/ကျွန်မတို့အတူတိုက်ကြမယ်။
ယုံကြည်တယ် နိုင်ရမယ်
အဖိတ်အစင်အနည်းဆုံးထိ လျှော့ချရင်း
ရန်ကုန်ရေ…
အနိုင်တိုက်မယ်
နိုင်ရမယ်။

@Yeeyint Hein
@Design CREDIT