နောက်တဆင့်လျော့ချခဲ့ရသော်..

နောက်တဆင့်လျော့ချခဲ့ရသော်..

ညီလေးကိုအောင်သူရရေးတဲ့


ကပ်ရောဂါပဲဖြစ်ဖြစ်သာမန်ရောဂါပဲဖြစ်ဖြစ် ရောဂါရယ်လို့ဖြစ်လာရင် ပညာရှင်တွေက ၃ ခုစဉ်းစားပါတယ် ရောဂါရယ် လူရယ် ပတ်ဝန်းကျင်ရယ်ပေါ့..လက်ရှိကိုဗစ်ကိုကြည့်မယ်ဆိုရင်
ရောဂါပိုးက ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေပြီ လူကိုကြည့်မယ်ဆိုရင် ကာကွယ်ရေးမပေါ်သေးဘူး လူတွေကိုကိုယ်ခံအား ကောင်းဖို့ကအချိန်အများကြီးယူရအုံးမယ် …။

လက်ရှိမြန်မာပြည်ရဲ့ကျန်းမာရေးစောင့်ရှောက်မူ့ကိုကြည့်ရင် အရင်ကတည်းက ဖွဲ့စည်းပုံအပြည့်နဲ့အလုပ်လုပ်နေရတာမဟုတ်ပါဘူး ..ရှိတဲ့အားနဲ့ဖြစ်အောင်လုပ်နေရတာပါ..။

အဲဒီလိုအခြေအနေကနေ ကိုဗစ် ဖြစ်လာတယ် ၆ လလောက်ကြာလာပြီ ကျန်းမာရေးဝန်ထမ်းတွေဟာ တော်ရုံတန်ရုံစိတ်ဓါတ်နဲ့ဆိုဒီလောက်တောင့်ခံနိုင်မှာမဟုတ်ပါဘူး ကျန်းမာရေးဝန်ထမ်းတွေရဲ့စိတ်ဓါတ်ဟာလေးစားစရာကောင်းပါတယ် ဒါပေမဲ့သူတို့ဟာလဲ လူသားတွေပါပဲ သရေးကွင်းလို့ပေါ့ ဆွဲပါများလာတော့ ပြတ်ဖို့ဖြစ်လာမှာပါ။

အခုအစိုးရရဲ့ကိုဗစ်တိုက်ဖျက်ရေးဗျူဟာက ထိန်းချုပ်ရေးဗျူဟာပါ ပိုးတွေ့တဲ့လူကိုဆေးရုံတင်မယ် ကုသပေး မယ် သံသယရှိသူကိုသီးခြားခွဲထားတယ် အဓိကတော့ လူတွေမသေသင့်တာမသေအောင် အစွမ်းကုန်ဆောင်ရွက်ပေးတာပါ. ။

အမေရိကတို့အင်္ဂလန်တို့မှာတောင့် ပိုးတွေ လူနာတွေကို အိမ်မှာပဲ နေခိုင်းတာပါ..လူတိုင်းကိုဆေးရုံတင်မကုပေးပါဘူး..။

အခုဆိုရင်ရန်ကုန်မှာ ကိုဗစ်စစ်ပွဲကို ထိန်းချုပ်ရေဗျူဟာနဲ့နောက်ဆုံးတိုက်ပွဲကိုတိုက်တော့မယ် ကတယ်လို့ထင်ထားသလို မဖြစ်လာရင် နော က်တဆင့်ဆုတ်ရတော့မှာပါ ။

ထိန်းချုပ်ရေးဗျူဟာနဲ့မနိုင်ရင်နောက်တဆင့်လျော့ရတော့မှာပါနောက်တဆင့်ဆုတ်ရင်ဘာဖြစ်မလဲ ကျန်းမာရေးဝန်ထမ်းတွေက ဆေးဆက်ကုနေမယ်။

ဒါပေမဲ့ ပိုးတွေတိုင်းဆေးရုံတင်မှာမဟုတ်တော့ဘူးအိမ်မှာပဲနေရမှာဖြစ်တဲ့အတွက် ပိုးတွေတဲ့လူနာက တာဝန်ယူမူ့ပိုများလာမှာပါ ။

အဲဒီအတွက် အကျိုးဆက်ကဘာဖြစ်လာနိုင်လဲဆိုရင်သေဆုံးမှုတွေသေချာပေါက်မြင့်လာမယ်လို့ပညာရှင်တွေကသုံးသပ်ထားပါတယ်..ကာကွယ်ဆေးစောစောရရင်တော့ သက်သာပါ့မယ် ..အဲဒီလို့မဟုတ်ခဲ့ရင်တော့ သေဆုံးတဲ့နှုန်းကို အတိုင်းအတာတခုထိတော့လက်ခံပေးရတော့မှာပါ…အထူးသဖြင့်တခြားသောရောဂါအခံရှိသူတွေ အသက်ဆုံး ရှုံးရချေများလာမှာပါ။

ဒီအခြေအနေကိုမရောက်ဖို့ကျန်းမာရေးဝန်ထမ်းတွေနဲ့အစိုးရက အစွမ်းကုန်ကြိုးစားနေတာပါ ဒါပေမဲ့ ပြည်သူလူထုက မလိုက်နာရင် သူတို့လဲတတ်နိုင်မှာမဟုတ်ပါဘူး ။ကိုဗစ်စစ်ပွဲကိုအဆုံးအဖြတ်ပေးမှာက ပြည်သူတွေပါ
ပြည်သူတွေစောင့်ထိန်းရင် ဒီပွဲနိုင်မယ် ။

ပြည်သူတွေမစောင့်ထိန်းနိုင်လို့ကျွန်တော်တို့နိုင်ငံအတွက် နောက်တဆင့်လျော့ချရတာမျိုးမရောက်ချင်ပါဘူး အဲဒါဆို သေဆုံးနှုန်းတွေတက်လာတော့မှာပါ အားလုံး တ ပတ်လောက်ပဲပူးပေါင်းဆောင်ရွက်ပေးကျပါခင်ဗျ။

@Aung Thu Ra