Covidအတွက် ထူးရဲ့လုပ်ဆောင်ချက်

Covidအတွက် ထူးရဲ့လုပ်ဆောင်ချက်

“COVID – 19 ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား နေထိုင်ရေးနှင့် စားသောက်ရေး အဆင်ပြေစေရန် ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီသွားမည်ဖြစ်”
~~~~~~~
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် ။ ။

ထူးလုပ်ငန်းစုမှ တည်ထောင်ထားသည့် လူထုအကျိုးပြု အဖွဲ့အစည်းဖြစ်သော ထူးဖောင်ဒေးရှင်းမှ ဦးစီးပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရန်ကုန်မြို့သို့ COVID – 19 လူနာများကို ကူညီကုသပေးရန် လာရောက်ကြသော ရှေ့တန်းမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ယခင် ကန်တော်ကြီးပဲလေစ့်ဟိုတယ်၊ အယောက် (၅၀) ဆံ့ အဆောက်အဉီးတွင် နေထိုင်နိုင်ရန်အတွက် ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

COVID – 19 ကို ပပျောက်စေရေး ဆောင်ရွက်ရာတွင် ထူးဖောင်ဒေးရှင်းမှ တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီသည့် အနေဖြင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ သက်သောင့်သက်သာ နေထိုင်နိုင်ရန် ယခင် ကန်တော်ကြီးပဲလေစ့်ဟိုတယ်၊ အယောက် (၅၀) ဆံ့ အဆောက်အဉီးတွင် စီစဉ်ထားလျက်ရှိပြီး နေ့စဉ် အစားအသောက် အပါအဝင် အခြားလိုအပ်သည့် အသုံးအဆောင်များ စီစဉ်ပေးသွားမည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဆောက်အဦးအား လာရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည့်အပြင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အောက်တိုဘာလ ၇ ရက်နေ့တွင် စတင် နေထိုင်နိုင်ရန် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ ၂၉ ရက် နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် COVID ရောဂါ ခံစားနေရသူ စုစုပေါင်း (၁၁,၆၃၁) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၂၅၆) ဉီး ရှိပါသည်။ ထူးဖောင်ဒေးရှင်း အနေဖြင့် လက်ရှိတွင် COVID – 19 ခံစားနေရသည့် လူနာများအတွက် မိမိ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရှေ့တန်းမှ တိုက်ပွဲဝင်နေရသည့် ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား အထူး လေးစားကျေးဇူးတင်လျက်ရှိပါသည်။ ထို့ကြောင့် ရှေ့ဆက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာရင်း ကျန်းမာရေးဝန်ထမ်းများကို တတ်အားသရွေ့ ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။

“Htoo Foundation Supports the Fight Against COVID19 by Providing Accommodation and Meals to Front-Line Healthcare Professionals”

29 September 2020 – Htoo Foundation, a Non-Profit Organization by Htoo Group of Companies, in collaboration with Ministry of Health and Sports, are making arrangements to accommodate up to 50 front-line healthcare providers who travel across Myanmar to Yangon to fight against COVID19 at one of its properties (the former Kandawgyi Palace Hotel).

As part of COVID19 relief efforts, Htoo Foundation has provided a full-fledged arrangement including furnishing, all amenities and necessities as well as daily meals in a building which can accommodate up to 50 healthcare professionals. Representatives from Ministry of Health and Sports inspected the site and discussed the requirements on 28 October 2020. These requirements are being provisioned now and will be completed for operations by 7 October 2020.

As of today, the 29 September 2020, there are (11,631) positive cases in Myanmar and (256) deaths announced by Ministry of Health and Sports. Htoo Foundation is deeply thankful for the commitment and sacrifice of the front-line healthcare providers and volunteers who are fighting tirelessly against COVID19. With a view to expressing solidarity and providing assistance to the Ministry and the Healthcare professionals, we are dedicating this facility and commit ourselves to follow all the future guidelines provided by the Ministry of Health and Sports.

HtooFoundation