အင်းယားလိတ်ဝန်းထဲမှာကိုဗစ်စင်တာစတင်တည်ဆောက်

အင်းယားလိတ်ဝန်းထဲမှာကိုဗစ်စင်တာစတင်တည်ဆောက်

ရန်ကုန်မြို့၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာမှာ ယာယီဆေးရုံအဖြစ် အသုံးပြုမယ့် အင်းယားလိတ်ကိုဗစ်စင်တာကို စတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်။
ဒီစင်တာကို လူနာ(၆၀၀)ခန့်ကုသနိုင်မယ့် ယာယီဆေးရုံအဖြစ်တည်ဆောက်နေတာဖြစ်ပြီး စင်တာဖြစ်မြောက်ရေးအတွက် ကမ္ဘောဇဘဏ်ကကျပ်သိန်း(၇၀၀၀)နဲ့ ရွှေသံလွင်ကုမ္ပဏီလီမိတက်(Sky Net)က ကျပ်သိန်း(၃၀၀၀) ထည့်ဝင်လှူဒါန်းထားတာဖြစ်ပါတယ်။
စင်တာကို(၁၀)ရက်အတွင်း ပြီးစီးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေနဲ့ စနစ်တကျဆောင်ရွက်နေပြီး လိုအပ်ရင် ကုတင် (၁၀၀၀)အထိ တိုးချဲ့ထားရှိနိုင်အောင် ပြင်ဆင်ဆောင်ရွက်နေပါတယ်။
ဒီစင်တာမှာ အရေးပေါ်လူနာတွေကို ကုသပေးနိုင်ဖို့အတွက် High-Dependency Unit: HDU (၁၆) ကုတင်ကိုပါ တစ်ပါတည်း ထည့်သွင်းတည်ဆောက်နေတယ်လို့လည်းသိရပါတယ်။
စင်တာမှာ တက်ရောက်ကုသမယ့် လူနာ (၆၀၀)အတွက် လိုအပ်မယ့် ဆေးဝါးတွေနဲ့ အစားအသောက်တွေကို အခမဲ့စီစဉ်ထားမှာဖြစ်ပြီး ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်း အယောက်(၄၀၀)စာအတွက်လည်း သီးသန့်အဆောက်အဦးတွေနဲ့ ၂၄ နာရီ အခမဲ့ Food Court ထားရှိပေးသွားမှာဖြစ်ပါတယ်။

ဖတ်မိသတင်းမှတ်စု

photo