COVID နောက်ဆုံးရသတင်းများ

COVID နောက်ဆုံးရသတင်းများ

  • ပိုးကူးစက်မှုခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီးသန့်ထားရှိကုသမှာဖြစ်ပီး အဲဒီလို ကုသနိုင်ဖို့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြင်ဆင်နေပါပီ။
  • လိုအပ်တဲ့ ဆေးပစ္စည်းတွေ ၀ယ်ယူဖို့ ဂျပန်နိုင်ငံက ပေးတဲ့ ဒေါ်လာ ၂၇ သန်းအပါအ၀င် အပြည်ပြည်ဆိုင်ရာက ထောက်ပံ့ငွေ ဒေါ်လာ သန်း ၈၀ ကျော်အထိ ရရှိထားပါတယ်။
  • အစိုးရကလဲ ကျပ် ဘီလီယံ ၂၆၇ ကျော် ထပ်မံထောက်ပံ့ထားပါတယ်။
  • သတိပေးချင်တာတခုက အခုအခါ Online မှာ ရောင်းချနေတဲ့ ဗိုင်းရပ်စစ်ဆေးနိုင်တယ်ဆိုတဲ့ Test Kit တွေဟာ လုံးဝ မသုံးသင့်ပါဘူး။ မ၀ယ်သင့်ပါဘူး။ အဲဒါတွေက Antibody ကို စစ်တာဖြစ်ပီး အမှားအယွင်း အလွန်များပါတယ်။ COVID ကာလအစမှာ စပိန်နဲ့ နယ်သာလန်က တရုတ်ပြည်က အများကြီးမှာယူခဲ့ပေမယ့် နောက်ဆုံးတော့ ပြန်လည်ပေးပို့ခဲ့ရပါတယ်။ ဒါကြောင့် လုံးဝ မ၀ယ်ကြပါနဲ့။
  • ကျန်းမာရေးဝန်ကြီးဌာနက ၀ယ်ယူထားတာကတော့ WHO က အသိအမှတ်ပြုလိုက်တဲ့ test kit တွေဖြစ်ပီး Antigen ကို စစ်ဆေးတာဖြစ်ပါတယ်။ မှန်ကန်တိကျမှုက ၉၅% ခန့်ရှိပါတယ်။ အခုရေ ၄ သိန်း မှာယူထားပါတယ်။ အဲဒီ test kit တွေကို ဘယ်သူ့ကိုမှ တဆင့်ခံရောင်းချခွင့်မပေးထားပါဘူး။ ပြည်သူအားလုံးကို တန်းတူညီမျှ စစ်ဆေးပေးမှာဖြစ်ပါတယ်။
  • နောက်တခုက ကာကွယ်ဆေးပါ။ အခုထိ COVID ကို ကာကွယ်နိုင်တယ်လို့ WHO က တရားဝင်အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး တခုမှ မရှိသေးပါဘူး။ Online မှာ ရောင်းချသမျှဟာ ကာကွယ်ဆေးလုံးဝ မဟုတ်ပါ။ WHO က တရားဝင်အသိအမှတ်ပြုလိုက်တဲ့ ကာကွယ်ဆေးထွက်လာရင် တရားဝင်ကြေညာပေးပီး မြန်မာပြည်က အမြန်ဆုံးရနိုင်အောင် အစိုးရက ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် အတုတွေနဲ့ ငွေမကုန်ကြစေဖို့ သတိပေးရေးသားလိုက်ပါတယ်။NayThway
photo