အဲဒီ ဦးနှောက် မဲ့တဲ့ Video ကို
ထပ် မ share ကြပါနဲ့

အဲဒီ ဦးနှောက် မဲ့တဲ့ Video ကို<br>ထပ် မ share ကြပါနဲ့

အဲဒီ ဦးနှောက် မဲ့တဲ့ Video ကို
ထပ် မ share ကြပါနဲ့

တော်တော် ဆိုးရွား စိတ်ပျက်စရာကောင်းပြီး ပညာမဲ့ သူတွေ ရိုက်ထားတဲ့
ကြော်ငြာ အမည်ခံ video ကို
ထပ် share သရွေ့ views တွေထပ်တက် engagement ပိုရပြီး မှားယွင်းနေတဲ့
messageက ပိုပျံ့ နေပါလိမ့်မယ်။
အခုလို စိတ်ပျက်စရာ တစ်ခုကို
အပျော်သဘော အနုပညာဖန်တီးမှု လို့
ပြောရဲ တာ ကလဲ ပြောစရာ
စကားမရှိလောက်အောင် ပါပဲ။

အမျိုးသမီးတွေရဲ့ပုံရိပ်ထိခိုက်ပြီး လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးတာကို လုပ်ပိုင်ခွင့်ရှိတဲ့အရာလိုလို ထင်မှတ်ရအောင်၊ မိန်းကလေးတစ်ယောက်ကို objectify လုပ်
sexual harassment လုပ်ပြ တဲ့ အပြင်
အမျိုးသား တွေဟာလဲ အဲလောက်တောင်
ရုပ်ပျက်ဆင်းပျက် သိက္ခာ မရှိ
အိဒြေ မဆည်နိုင် ဖြစ်ပျက်ပြတာက
ဘာရည်ရွယ် ရိုက်ထားတဋပါလဲ
စဉ်း စားမရပါ။
ဆိုးရွားလွန်းပါတယ်။
video တခုလုံး မှားနေတာတွေ ရေးရရင်
အများကြီးပါ။

လူ့အသိုင်းအဝိုင်း ရဲ့စံနှုန်းတန်ဖိုးတွေ ယဉ်ကျေးလေးစားမှုတွေ လုံးဝမရှိပဲ
သားရဲ့ မိန်းကလေးကိုဖခင်တစ်ယောက်ကပါ
အခုလို အငန်းမရ ဖြစ်ပျက်ပြတာကို
ရိုက်ပြခြင်းက ဘယ်လို လူမှုဝန်းကျင်မျိုး
ယဉ်ကျေးမှု အဆင့်အတန်းမျိုးကို
ညွှန်းဆိုချင်မှန်း မသိပါ။

ဒါကို ရယ်စရာ အဖြစ်မြင်လို့
အဲဒီလို script မျိုးရေးသူ ရိုက်ကူးသူ
ပါဝင်သရုပ်ဆောင်သူ အားပေးသူ တွေ
ရှိနေတာတွေ့ ရတာကလဲ
အင်မတန် စိတ်မကောင်းစရာပါပဲ။

ဝေဖန်သူတွေ လက်မခံသူတွေ
များစွာတွေ့ရလို့ အားရမိပါတယ်။
ဒါပေမဲ့ အားပေးနေသူတွေ ကလဲ
တစ်ပုံတစ်ပင်တွေ့ရတာ အံ့ဩစရာပါပဲ။

လူမှုအဆင့်အတန်း
ယဉ်ကျေးမှုအဆင့်အတန်း
ဆင်ခြင် နိုင်တဲ့ ဦးနှောက် နဲ့
စိတ်ဓါတ် တွေ အတွက်
အခု video ဟာ ဘယ်လောက်
နိမ့် ကျနေပြီလို့ ပြနေပါသလဲ?။

ရှက်ဖို့ အင်မတန်ကောင်းပါတယ်။
အဲလို video မျိုးတွေ ရှိလာတာ
ဝမ်းနည်းစရာ ကောင်းပါတယ်။
စိတ်တိုဖို့ ကောင်းပါတယ်။

ကျွန်မကတော့ လုံးဝ ရှုံချပါတယ်။
တိတ်တိတ်နေ ပြီး ထားထားလို့ မရပါဘူး။ မိန်းကလေးတွေ လုံခြုံမှု ရှိပြီး
လေးစားမှု အပြည့်ရတဲ့
လူမှုဝန်းကျင်တစ်ခု ဖြစ်လာဖို့
အတော် လိုနေပါသေးတယ်။
အဲလိုဖြစ်လာဖို့ speak up လုပ်ရပါမယ်။
it’s not ok ဆိုတာ သိဖို့ ဒီလိုလုပ်တာဟာ
ရှက်စရ ဆိုတာသိဖို့ အသံထွက်ပြောကြရပါမယ်။
ရှုံ့ချ ဝေဖန်ရပါမယ်။

အရင်ကလဲ အဝတ်အစားနဲ့
sexual harassment အကြောင်းရေးပါတယ်။
Clothing is not consent ပါ။ ဝတ်စားဆင်ယင်မှုဟာ
စိတ်ကြိုက်စော်ကားပြောဆိုမှု ကို
လက်ခံခြင်းမဟုတ်ပါဘူး။

ကျွန်မ influencer အနေနဲ့ရပ်တည်တဲ့ အတွက် လူတွေကို ကောင်းတဲ့ influence နဲ့
တန်ဖိုးရှိတဲ့ value မှန်တာတွေပဲ share ဖို့ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။
အဲဒါကြောင့် အခုစာကို ရေးပါတယ်။

It’s time we stand up. Be loud,
be bold about what is not ok.
Don’t be silent.

Original Writer

ဧရိရယ်လ်သုတ #arielthuta

photo