စောက်စာအရှည်ကြီး

စောက်စာအရှည်ကြီး

မနေ့က ကိုယုန်းလေ ကြော်ငြာကြည့်လိုက်ရတဲ့သူတွေ နောက်ထပ်သတိထားမိတာတစ်ခုရှိလိမ့်မယ်.. အဲ့ဒါကတော့ အံ့‌အားသင့်စရာကောင်းလောက်အောင်ကိုပဲ အဲ့လိုလုပ်ရပ်ကိုထောက်ခံနေကြတဲ့သူတွေ အမြောက်အမြားရှိနေ‌တယ်ဆိုတာပါပဲ..

သူ့ ကောင်းမှုနဲ့ ပြောပြချင်နေတာလေး အလျဉ်းသင့်လို့ရေးဦးမယ်..

တာဇံဦးနှောက်ပဲပါလို့ ဘယ်လိုမှအဖပ်ဆယ်မရတဲ့သူတွေအတွက် မဆိုလိုပေမယ့် တချို့ ညီလေးတွေ ဘရားသားလေးတွေကျတော့ တစ်ချက်ကလေးပဲ “ထောက်” ဆို အလင်းပွင့်ဖို့ လိုနေတာလေး ရှိတယ်.. ကိုယ်ပိုင်အတွေးအခေါ်ဉာဏ်မနုံနဲ့ကြပေမယ့် အပေါင်းအသင်းမှားလို့.. ပတ်ဝန်းကျင်မှားလို့ အတွေးမှားနေတဲ့ အဲ့လိုညီလေးတွေအတွက်ပါ..

ကျွန်တော်တို့မြန်မာပြည်က Patriarchy လို့ခေါ်တဲ့ ဖိုဝါဒ အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ တိုင်းပြည်ထဲမှာပါတယ်.. ဖိုဝါဒဆိုတာ ကျွန်တော်လဲ gender study မလုပ်ဖူးတော့ နက်နက်ရှိုင်းရှိုင်းကြီးမသိဘူး.. ကျွန်တော်သဘောပေါက်သလောက်အကြမ်းဖျဉ်းပြောရရင် ယောက်ျားလေးတွေသာ capable (လုပ်ရည်ကိုင်ရည်ပြည့်ဝ) ဖြစ်တယ်.. ယောက်ျားလေးတွေသာ decisive (အရေးကြီးကိစ္စတွေကို ဆုံးဖြတ်နိုင်/ဆုံးဖြတ်သင့်) ဖြစ်တယ်လို့ယူဆပြီး မိန်းမတွေကို လူရာမသွင်းတာမျိုးပေါ့..

ဒီလိုဝါဒလွှမ်းမိုးခဲ့စဉ်အချိန်ကာ‌လတွေမှာ မိန်းကလေးတွေကို တဆင့်နိမ့်တဲ့သတ္တဝါလိုမျိုး တန်ဖိုးမထားပဲဆက်ဆံခဲ့ကြတာတွေရှိတယ်.. အရာဝတ္ထုပစ္စည်းတစ်ခုကို မလေးစားသလိုမျိုး.. အရာဝတ္ထုပစ္စည်းတစ်ခုကို အသုံးချသလိုမျိုး ပစ္စလက်ခတ်ဆက်ဆံခဲ့ကြတယ်.. အဲ့ဒါကို objectifying လုပ်တယ်လို့ခေါ်တယ်..

နောက်ပိုင်း ယဉ်ကျေးမှုပြောင်းလဲတိုးတက်လာတဲ့အခါ တော်လှန်တာတွေမျိုးစုံဖြစ်ခဲ့ကြပြီး ဒါမျိုး‌တွေက မယဉ်‌ကျေးမှန်း သိလာကြတယ်..

ဒါတွေထားတော့..

ကျွန်တော်ပြောချင်တာက.. ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရဲ့ စံနှုန်းအကြောင်းပဲ.. စကားလုံးအကြီးကြီးတွေပြောနေတယ်ထင်ပြီး ဆက်မဖတ်ပဲမနေကြပါနဲ့.. “ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရဲ့စံနှုန်း” ဆိုတာ ဘရားသားချင်းရင်းရင်းနှီးနှီးပြောရရင် ကျွန်တော်တို့ ပြောပြောနေကျ “စောက်ဆင့်” ကိုပြောတာပါပဲ..

ဖိုဝါဒကို ဘာ့ကြောင့်မထောက်ခံသင့်လဲဆိုတော့ ဖိုဝါဒဟာ ပညာဉာဏ် ပါဝင်မှု နည်းပါးပြီး လက်ရုံးအင်အားအခြေပြုတဲ့ဝါဒဖြစ်နေလို့ပါပဲ.. အင်အားကြီးသူကနိုင်မယ် ဆိုတဲ့သဘောတရားကနေ တိုက်ရိုက်ဆင်းသက်လာတယ်.. ကြီးနိုင်ငယ်ညှဉ်းဆန်တယ်..

ပညာဉာဏ်တဖြည်းဖြည်းကြီးရင့်လာခြင်းဟာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချမှုကိုဖြစ်ပေါ်စေပြီး တဖက်သားကိုလေးစားမှုကိုအားပေးတယ်..

ပညာမတတ်သူတွေဟာ မိန်းမတွေကိုမှ မဟုတ်ဘူး.. ကိုယ့်ကိုယ်ကိုယ်လဲ မလေးစားဘူး.. မိဘ.. ဆရာ.. အထက်လူကြီး.. ဘယ်သူ့ကိုမှမလေးစားဘူး.. သူထောက်ကူအားပြုထားတဲ့အရာတစ်ခုပဲရှိတယ်.. လက်ရုံးအင်အားပဲ..
ထစ်ခနဲဆို မိုက်ရင်ထွက်ခဲ့.. ထိုးပစ်လိုက်မယ်.. ပါးပိတ်ရိုက်လိုက်မယ်.. ဆဲမယ်.. ဆိုမယ်.. ကြမ်းတမ်းမယ်..

တဖြည်းဖြည်း ပိုသိလာတဲ့အခါ အရင်ဆုံးကိုယ့်ကိုယ်ကိုယ် လေးစားတတ်လာမယ်..

ပြီးတဲ့အခါ လူအချင်းချင်းလေးစားတတ်လာမယ်.. အမျိုးသမီးတွေကိုတန်ဖိုးထားတတ်လာမယ်.. မိဘ ဆရာ ကိုယ်နဲ့အယူအဆချင်းတူသူ.. မတူသူ.. လူမျိုးတူ လူမျိုးခြား.. ဘာသာတူ ဘာသာခြား အားလုံးကို လေးစားတတ်တဲ့စိတ်ကိန်းအောင်းလာမယ်..

ဒီ့ထက်ပိုသိလာတဲ့အခါ ကလေးလေးတွေကို လေးစားတတ်လာမယ်.. ကလေးမရိုက်ရဘူးလို့ ကျွန်တော်ခဏခဏပြောတာအဲ့ဒါပေါ့.. ထားပါတော့.. ပြီးရင် ကိုယ့်ထက် ပစ္စည်း ဥစ္စာ ရာထူး ဂုဏ်သိမ် နိမ့်ပါးတဲ့သူတွေကို လေးစားတတ်လာမယ်..

နောက်ဆုံးမှာ ဘယ်အရာကိုမဆို လေးစားတတ်လာမယ်.. တိရစ္ဆာန်တွေကအစ.. သဘာဝပတ်ဝန်းကျင်နဲ့ နေထိုင်ရာကမ္ဘာမြေကြီးအစရှိလို့ပေါ့..

ဒါဟာ အရမ်းချမ်းသာပြီး အားလျားနေတဲ့သူတွေမှ လုပ်ရတဲ့”စောက်ပို” တွေလို့ တချို့ကထင်ကြမယ်.. တကယ်တမ်းမဟုတ်ဘူး.. ဒါတွေဟာ လူတန်းစားမရွေးဆီမှာ ရှိနိုင်တဲ့ “စောက်ဆင့်” တွေပဲ.. အခြေအနေနဲ့မဆိုင်ဘူး.. ခေါင်းနဲ့သာဆိုင်တယ်..

ဒီတော့ ခုနကပြောသွားတဲ့အဆင့်တွေကို တဆင့်ချင်းပြန်ကြည့်ရင် မိန်းမတွေကို လေးစားဖို့အတွက် ညီလေးမှာ အာကာသသိပ္ပံကိုနားလည်နိုင်လောက်တဲ့ဉာဏ်ရည်မျိုးရှိဖို့လိုအပ်မနေဘူး.. ညီလေး ကိုယ့်ကိုယ်ကိုယ် လေးစားတတ်တဲ့ အခြေခံအတ္တမျိုးရှိရင်ကိုပဲ ကိုယ့်ပတ်ဝန်းကျင်ကအမျိုးသမီးတွေကိုလေးစားတတ်ဖို့ လုံလောက်နေပြီ..

ငမ်းတာ.. ငေးတာ.. နှာဗူးထတာ.. ဝုန်းပစ်လိုက်ချင်တာ.. ကြိတ်ပစ်လိုက်ချင်တာဟာ ယောက်ျားသဘာဝ.. sexual needs (လိင်လိုအပ်ချက်) ဟာ အခြေခံလိုအပ်ချက်မို့ ကျွန်တော်တို့ယောက်ျားလေးတွေက အစာအိမ်ကဆာလောင်သလိုမျိုး လိင်ဆန္ဒတွေက ဆာလောင်ကြတယ်.. အစာအိမ်ကအစားအ‌သောက်ကိုမြင်ရင် ဝါးမျိုချင်သလိုမျိုး ကျွန်တော်တို့လိင်ဆန္ဒကလဲ အမျိုးသမီးတွေပေါ်မှာ တပ်မက်မှုရှိတယ်.. ဒါဟာ သဘာဝပဲ..

ဒါပေမယ့် သဘာဝကိုဖော်ပြတဲ့နေရာမှာ ခုနကပြောတဲ့ “စောက်ဆင့်” တွေက စကားပြောသွားပြီ..

မိန်းမတစ်ယောက်ကို တလေးတစားဆက်ဆံတဲ့.. ခုံဆွဲပေးတဲ့.. လက်ကမ်းပေးတဲ့.. တံခါးဖွင့်ပေးတဲ့ ယောက်ျားတစ်ယောက်ရဲ့ရင်ထဲမှာလဲ ငါ့ညီထက်မနိမ့်ပါးတဲ့အာသာဆန္ဒရှိနေတာပဲ.. ဒါပေမယ့် ဖော်ပြမှုတွေကွာသွားတယ်.. လူအမြင်တင့်တယ်မှုတွေကွာသွားတယ်..

နို့ပေါ်ရင်.. အောက်စလွတ်ရင်.. ဖာခေါင်းကနေ ဘီလ်ဂိတ်အထိ ယောက်ျားမှန်ရင် အကုန်ကြည့်ချင်တာပဲ.. ဒါပေမယ့် ငါက ဖာခေါင်းပဲဆိုတဲ့ အပြုအမူနဲ့ ငါဟာဘိလ်ဂိတ်ပဲဆိုတဲ့ အပြုအမူ တူမယ်ထင်လို့လား.. အမျိုးသမီးတွေကို တန်ဖိုးထားပုံခြင်းကွာတယ်ဆိုတာ ယောက်ျားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပုံခြင်းကွာလို့ပဲ..

နို့တွေ ဖင်တွေ လိင်နဲ့ပတ်သက်တဲ့အကြောင်းတွေကို အမျိုးသမီးတစ်ယောက် အနေရအထိုင်ရခက်တဲ့အထိ ပြုမူပြောဆိုတာဟာ sexual harassment လို့ခေါ်တယ်.. လိင်ပိုင်းဆိုင်ရာအရှက်ရစေမှု.. ဒီ့ထက်ပိုရင် sexual assault လို့ခေါ်တဲ့ လိင်ဆိုင်ရာအကြမ်းဖက်မှုမြောက်တယ်.. အကြမ်းဖက်မှုဆိုပေမယ့် ပုခုံးကိုဖြည်းဖြည်းလေးသွားထိတာတို့.. ပေါင်ကိုလက်နဲ့သွားထိတာတို့.. ဘတ်စ်ကားပေါ်မှာ လူကြပ်သလိုလိုနဲ့ ခါးကိုပိုပိုသာသာလေးရှေ့တိုးပြီးဖိကပ်ထားလိုက်တာတို့.. အကုန်ပါတယ်..

အင်တာနက်ပေါ်မှာ တစ်တစ်ခွခွပြောတာမျိုးဟာလဲ အတူတူပဲ.. အကောင့်တုပဲဖြစ်ပစေဦးတော့.. ဒီလိုအကြမ်းဖက်မှုတွေထဲမှာအကျုံးဝင်တယ်..

တစ်ခွန်းတည်းပြောရရင် “တဖက်သားရဲ့အလိုမတူမှု” တိုင်းသည် အကြမ်းဖက်မှုမြောက်တာပဲ.. “မထိနဲ့” “လွှတ်ပါ” လို့ပြောနေမှ မဟုတ်ဘူးနော်.. သူမရဲ့စိတ်ထဲက “ဟင်” ဆိုတာမျိုး.. မျက်မှောင်တချက်ကျုံ့တာမျိုးကအစပဲ..

Consent လို့ခေါ်တဲ့ အလိုတူမှုရှိရင်တော့ မင်းဘာသာမင်း ကြိုးနဲ့ပဲတုပ်တုပ်.. ကြာပွတ်နဲ့ပဲရိုက်ရိုက် ငါ့ကောင်ရေ.. အဲ့ဒါမရှိရင်တော့ အသားချင်းမတော်တဆ ထိမိရင်တောင် ဆောရီးပြောတတ်ရမယ်..

အပြန်အလှန်အားဖြင့် ပြောရရင် ငါ့ညီ မကြိုက်တဲ့ ထိတွေ့ကိုင်တွယ်မှုမျိုး ငါ့ညီကို အမျိုးသမီးတစ်ယောက်ယောက်က လုပ်လာတယ်ဆို သူလဲ မင်းကို လိင်အကြမ်းဖက်နေတာပဲလို့ မှတ်ယူလို့ရတယ်.. အော်တာ မအော်တာတော့ မင်းသမိုင်းပေါ့လေ..

တချို့ကျတော့ မိန်းကလေးဆိုပေမယ့် ဒီအသိတွေရှိမထားရင် ကိုယ့်ကိုယ်လာစော်ကားလို့စော်ကားနေမှန်း မသိကြဘူး.. တချို့ကျ ယောက်ျားလေးပေမယ့် မိန်းကလေးတွေဟာ အဲ့လိုတစ်တစ်ခွခွပြောတာ‌မျိုးကို ကြိုက်ကြတယ်လို့အထင်မှားနေကြတာမျိုးပေါ့.. လမ်းမှာ ပြွတ် ပြွတ် လို့ cat calling လုပ်တဲ့အခါမျိုးမှာ ညီလေးကို အောက်တန်းစားလို့ ဘုကြည့်မကြည့်ပဲ ပြုံး‌စေ့စေ့နဲ့မျက်စောင်းထိုးသွားမယ့် မိန်းကလေးရှိရင်ရှိလိမ့်မယ်.. ဒါပေမယ့် ဒီအတွက်နဲ့တော့ ညီလေးက အဲ့အပြုအမူဟာ အမှန်ပါလို့ တထစ်ချ မယူထားသင့်ဘူး..

ငါ့ညီ တပြားမှ မပေးရဘူးဆိုရင် ဘီအီးသောက်မလား ဘလက်လေဘယ်လ်သောက်မလား? ဒါမှမဟုတ် ဘီအီးဈေးပဲပေးရမယ်ဆိုရင်ရော? ဘီအီးသောက်မလား ဘလက်လေဘယ်လ်သောက်မလား? ဒါတောင် ဘီအီးဖိုးကုန်ဦးမှာနော်..

အဆင့်အတန်း ကတော့ တပြားမှမကုန်ဘူး.. အချိန်တိုင်းမှာ ဘလက်လေဘယ်လ်လိုမျိုး အ၀င်မကြမ်းပဲ ငြိမ့်ငြိမ့်လေးယစ်မူးလို့ရတဲ့ ကိုယ်ကျင့်တရားမျိုး ငါ့ညီတပြားမှမကုန်ပဲရွေးချယ်လို့ရနေတယ်..

ဖင်ကြီးကွာ.. လို့ မပြောနဲ့.. ကိုယ်လုံးလေး လှတယ်ဗျာ.. လို့ပြောင်းပြောကြည့်.. မင်းစိတ်ထဲက ဆိုလိုရင်းကအတူတူပဲ.. အကိုတို့ယောက်ျားလေးတွေအတွက် ကိုယ်လုံးဆိုတာ ဖင်ပဲ..
ဒါပေမယ့် တဖက်ကို လေးစားမှုရှိတဲ့အတွက်ယဉ်ကျေးသွားတယ်..

ကြည့်စေချင်လို့ ၀တ်လာတာ.. မကြည့်မိ‌အောင်ကြိုးစားပါသော်လဲ ကြည့်မိပါတယ် ဆိုတာလောက်ဖြစ်ရုံကြည့်.. (လုံးလုံးမကြည့်ရင်လဲ ရိုင်းသေးတာပဲကွ) ကြည့်လှချည်လားလို့ ဖြစ်အောင် မကြည့်နဲ့.. အဲ့ဒါဟာ အဆင့်အတန်းပဲ..

လူထုတစ်ခုလုံးကိုကိုယ်စားပြုတဲ့ အနုပညာကို စီးပွားရေးအရပဲဖြစ်ဖြစ် ကိုယ်ကျိုးအတွက်ပဲဖြစ်ဖြစ် ဖန်တီးတဲ့နေရာမှာ ခုနက ခဏခဏပြောခဲ့တဲ့ “စောက်ဆင့်” ကိုထည့်တွက်ရမယ်.. အဆင့်အတန်းနိမ့်ပါးတဲ့ အပြုအမူတွေကို ကိုယ်စားမပြုရဘူး.. promote မလုပ်ရဘူး.. ဒါမျိုးတွေလုပ်တာအိုကေပါတယ်လို့ လူထုကို အသိမပေးရဘူး..

ဒီတော့ တချို့ ငါ့ညီ “စောက်ပို” တွေပါလို့ထင်နေတဲ့အရာတွေကို “စောက်ဆင့်” ပါလားလို့ ပြောင်းတွေးတတ်အောင်လုပ်ကြည့်..

ဘယ်အမျိုးသမီးအတွက်မှ ပြောနေတာမဟုတ်ဘူးညီလေး..
အကိုယောက်ျားလေးတွေအတွက်ပြောနေတာ..
နှာဗူးချင်းပြောတဲ့စကားပဲလို့သာယူထားလိုက်.. တစ်တစ်ခွခွတွေ အကိုတို့အကုန်လုံးပြောချင်ကြတယ်.. ပျစ်ပျစ်နှစ်နှစ်တွေ အကိုတို့အကုန်လုံးလုပ်ချင်ကြတယ်..
ဒါပေမယ့် “စောက်ဆင့်” ရှိရှိနေရတာက ပိုမိုက်တယ်..
အကိုပြောတာ ယုံ..

Yarzar Wizaya

photo