Sex ပတ်သက်တဲ့ဟာသလုပ်ခွင့်မရှိဖူးလား

Sex ပတ်သက်တဲ့ဟာသလုပ်ခွင့်မရှိဖူးလား

တကယ်တမ်းကတော့
နိုင်ငံတကာမှာလည်း …
အာရှဘက်ဆို Sex is Zero
အနောက်ဘက်ဆို American Pie လို
Sex ကို ဦးစားပေးတဲ့ ဟာသကားတွေ ရှိတာပဲ ။

ဟာသ ဆန်အောင် လုပ်တတ်ခြင်းနဲ့
ဟာသ မဆန်တော့ပဲ စိတ်ပျက်သွားအောင်
ကြည့်နေရင်း ဇာတ်ကောင်တွေရဲ့ အပြုအမူတွေကို
ရွံရှာသွားအောင်လုပ်လိုက်မိခြင်း ရဲ့ ကြားက
ဇာတ်ညွှန်းပိုင်း / သရုပ်ဆောင်ပိုင်း / ရိုက်ကူးတင်ဆက်ပြပုံပိုင်း
ကစားပြစရာက ပါးပါးလေးလို့ပဲ ထင်တယ် ။
ဟိုဘက် ဒီဘက် ကူးသွားဖို့က အရမ်းလွယ်တော့
အတော်ကို သတိထားရမှာမျိုးတွေပါ ။
ဒါကို သေချာ မကိုင်တွယ်တတ်ရင်တော့
ဂွမ်းသွားတာပဲ ။

အပေါ်က ဥပမာ ပေးထားတဲ့ ဇာတ်လမ်း ၂ ခုဆို
ခု ပြောခံနေရတဲ့ ကြော်ငြာထက်ကို
( အပြ ပိုင်းမှာ )
အများကြီး ကြမ်းတာတွေ ပါတယ် ။
ဒါပေမယ့် ဟာသ မြောက်နေဆဲ …
လူများစုက ဟာသကားလို့ပဲ သဘောထားပြီး ကြည့်ခဲ့ကြတာပါပဲ ။

မြန်မာမှာလည်း Sex ကို ဟာသ လုပ်ချင်ရင်
တစ်ဖက်သား ကို / ကြည့်နေတဲ့ ပရိသတ်ကို
စော်ကားတဲ့ အဆင့် … စိတ်ထဲရွံလာတဲ့ အဆင့်မရောက်စေပဲ
ဟာသ ရသ မြောက်အောင် သက်သက် ဖန်တီးဖို့ကို
အတော် ကြိုးစားရဦးမယ် ထင်တာပါပဲ။
ဒါတွေက မြန်မာပေါကား တွေရဲ့ ဝိသေသလို ဖြစ်နေခဲ့တာ
ကြာလှပြီပြီလေ ။
သူတို့တောင် လုပ်သေးတာပဲ ။
ငါတို့လည်း လုပ်တာပေါ့ဆိုတဲ့
စံ တစ်ခုလို ဖြစ်နေခဲ့ပြီးပြီ ။

ခုက Social Media မှာ လူလတ်တန်းစား
အတိုင်းအတာတစ်ခုထိ ပညာတတ်တဲ့ လူတန်းစားတစ်ရပ်က
နိုးထလာပြီး ထင်ထင်ရှားရှားထောက်ပြလာကြလို့သာ
ဒါတွေကို စိတ်ပျက်စရာလို့ မြင်တဲ့သူ ပိုများလာတာ ။
အရင်ကဆို အဲ့လို ဟာသတွေကို
ကိုယ်တိုင်လည်း နည်းနည်းပါးပါး ရယ်ရင်ရယ်ခဲ့မိဖူးမှာပေါ့ ။

မိန်းကလေး တစ်ယောက်ကို ကြိုက်ရင်
ယောကျာ်းလေးတစ်ယောက်က လိုတာထက်ပိုပြီး
တွန့်လိမ် ကောက်ကွေး ပြနေတာတို့ …
စကားတွေမှာ ( အပြင် သဘာဝနဲ့ အတော်လေး ဆန့်ကျင်ပြီး )
သားပြောမယားပြော ပြောသလို ဖြစ်နေတာတို့ကို
ပြင်သင့်တယ် ထင်တာပါပဲ ။

Sex ကိစ္စကို ဟာသ မလုပ်ပဲလည်း
နေနိုင်ကြဖို့က ခက်တာကိုး ။
ကျွန်တော် အရင်တုန်းက စာ တစ်ခုမှာ ပြောခဲ့ပြီးသလို
နယ်ပယ် အတော်များများမှာ
Sex always sells. ဖြစ်နေဆဲပဲလေ ။
( စိတ်မကောင်းပေမယ့် လက်ခံထားလိုက်ရတဲ့
Bitter Truth တစ်ခုပဲ ။
အခုဆို ကျွန်တော်တို့ ပညာရေးလောကမှာတောင်
ဒါမျိုးတွေ နည်းနည်းပါးပါး စ လာနေပြီလေ )

Facebook က တစ်ပတ်တစ်ခါလောက်တော့
စိတ်ပျက်စရာ / ဒေါသထွက်စရာတွေ
ကိုယ့်ကို လာ လာပေးနေတာပါပဲ ။
အဲ့ခံစားချက်ကို တတ်နိုင်သလောက်ဖယ်ပြီး
တခြား ဘာများ ရမလဲ သတိထား ကြည့်နေရတာပဲ ။

ကိုကောင်းမြတ်သူ ( ဓါတ်ပုံဝါသနာရှင် တစ်ယောက် Page ) လို
Reaction Video နဲ့ အားရပါးရ ဝေဖန်ထောက်ပြထားတာ
ရှိပြီးသားမို့ …
( သူ့ Reaction Video မှာ
ဒါရိုက်တာ ဆိုတဲ့နေရာမှာ
လက်ညှိုးလေး ကွေးကွေးပြတာက အသက် 😅 )
ထပ်ပြီး ဝေဖန်တာထက်
ဘာဖြစ်နေလဲ ? ဘာကွာသွားတာလဲ ? ဆိုတာတွေကို
အဓိက စဉ်းစားကြည့်ဖြစ်တဲ့ အပိုင်းကိုပဲ
ရေး တင်လိုက်တာပါ ။

အဓိကကတော့ …
ဒီလို ကြော်ငြာစိတ်ကူးတွေ …
ဒီလို စိတ်ကူးကို အကောင်အထည်ဖော်ပြီး
အသက်မွေး ဝမ်းကြောင်း လုပ်နေလို့ ရတဲ့
နယ်ပယ် တစ်ခု ဖြစ်နေတာတွေကို
( လုပ်ငန်းရှင် ကိုယ်တိုင်က လက်ခံလို့လည်း
ဒီလို ရိုက်လို့ ရနေတာကိုး )
ဝိုင်းထိမ်း ဝိုင်းပြင်နိုင်မှပဲ ရမယ် ထင်ပါတယ် ။

ဒီတော့ ခုလို ဝိုင်းဝေဖန်ထောက်ပြတာ လုပ်နေကြရင်
နောင် သိပ်မလုပ်ရဲ မလုပ်ဖြစ်ကြတော့မို့ပဲ
မျှော်လင့်ပါရဲ့ဗျာ ။

လုပ်ဖြစ်ရင်တောင် အပေါ်မှာ ပြောထားတဲ့ ဇာတ်လမ်းတွေလို
( Sexual Jokes အနေနဲ့ပဲဖြစ်ပြီး
Sexual Harassment မဖြစ်သွားအောင် )
ဟာသ တကယ်မြောက်အောင်
ဘယ်လို လုပ်မလဲဆိုတာ
အပင်ပန်းခံ စဉ်းစား အားထုတ်ကြစေချင်တာပါပဲ ။
ပရိသတ်ကလည်း
ဒါမျိုးကိုပဲ ရွေးချယ် အားပေး လက်ခံအားပေးကြရင်
ပြောင်းလဲ လာနိုင်မယ် ထင်ပါတယ် ။

ကိုဇင်ဇေ

KZZSocialProblems

photo