သမ္မတထရမ့်နှင့် ဇနီး Quarantine ဝင်မည်။ Covidရှိမရှိစစ်ဆေး

သမ္မတထရမ့်နှင့် ဇနီး Quarantine ဝင်မည်။ Covidရှိမရှိစစ်ဆေး

news
~~~~~~~~~~~~~~~~~~~~

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ ဇနီးဖြစ်မယ်လာနီယာထရမ့်သည် သူတို့၏ ဓာတ်ခွဲခန်းအဖြေများကို စောင့်နေစဉ်အတွင်း အကန့်အသတ်ဖြင့် သီးးခြားခွဲ၍ နေထိုင်ခြင်းစတင်တော့မည်ဖြစ်ကြောင်း ထရမ့်က သူ၏ တွစ်တာအကောင့်တွင်ရေးသားထားသည်။

ထရမ့်၏ အနီးကပ်လက်ထောက် မစ္စဟုပ်ဟစ် ထံတွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် သမ္မတနှင့်ဇနီးအားလည်း COVID-19 စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဟုပ်ဟစ်နှင့် ထရမ့်သည် ဗုဒ္ဓဟူးနေ့ကပင်လျှင် မဲဆွယ်စည်းရုံးရေးခရီးတစ်ခုကို အတူတကွ ခရီးသွားခဲ့ကြသေးသည်။

၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သော ထရမ့်သည် ယခုအခါ အသက် ၇၄ နှစ်ကျော်ပြီဖြစ်ပြီး၊ သူ၏ ဇနီးကမူ ၁၉၇၀ ခုနှစ် ဧပြီ ၂၆ ရက်က မွေးဖွားခဲ့ကာ ယခုအခါ အသက် ၅ဝကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

Source: CNN
Ref: Trump says he and first lady will begin ‘quarantine process’ after top aide Hope Hicks tests positive for Covid-19
Photo: CNN

ဖတ်မိသတင်းမှတ်စု
နိုင်ငံတကာ

photo_twitter