တဖက်နဲ့တဖက်အလွန်မုန်းတီးကြပေမယ့် နိုင်ငံ့အရေးဟာ ပါတီအရေးထက်အရေးကြီးကြောင်း ပြနိုင်တဲ့အထိ သဘောထားကြီးကြပါတယ်။

တဖက်နဲ့တဖက်အလွန်မုန်းတီးကြပေမယ့် နိုင်ငံ့အရေးဟာ ပါတီအရေးထက်အရေးကြီးကြောင်း ပြနိုင်တဲ့အထိ သဘောထားကြီးကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရတာ သူ့ရဲ့ခေါင်းမာမှုကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံရေးရဲ့ထူးခြားချက်ကို ကြည့်ရင်….

၂၀၂၀ နိုဝင်္ဘာ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ကို ယှဉ်ပြိုင်မဲ့ ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင် ဟာ ဒေါ်နယ်ထရန့်ကို ကျမ်းမာပါစေကြောင်းဆုတောင်းပေးပြီး ဒေါ်နယ်ထရန့်ကို အပြစ်တင်ဝေဖန်တဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကြော်ငြာ တွေ ဖြုတ်ချပေးလိုက်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်မှု လျော့ချလိုက်ပါတယ်။ ပြိုင်ဖက်ကျမ်းမာလာတဲ့အချိန်အထိစောင့်မယ့်သဘောပါ။

ဒေါ်နယ်ထရန့် ရဲ့ ပြိုင်ဖက်ပါတီ က သမ္မတဟောင်း အိုဘားမား က သမ္မတ နဲ့ ဇနီး ကျမ်းမာချမ်းသာပါစေကြောင်း မေတ္တာပို့ပါတယ်။ နိုင်ငံအတွက်အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်နယ်ထရန့် ကို တိုက်ခိုက်ကြတဲ့ နိုင်ငံရေးဆန့်ကျင်ဖက်တွေ အကုန်လုံး သမ္မတ ကျမ်းမာချမ်းသာစေဖို့ ဆုတောင်းပေးကြပါတယ်။ ဒေါ်နယ်ထရန့်ကို ပြစ်တင်မှုတွေ ရပ်လိုက်ကြပါတယ်။

အမေရိကန်နိုင်ငံဟာ အရေးကြီးတဲ့အချိန်မှာ အတိုက်အခံ နဲ့ အစိုးရ တသားထဲ ဖြစ်သွားပါတယ်။

တဖက်နဲ့တဖက်အလွန်မုန်းတီးကြပေမယ့် နိုင်ငံ့အရေးဟာ ပါတီအရေးထက်အရေးကြီးကြောင်း ပြနိုင်တဲ့အထိ သဘောထားကြီးကြပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အောင်မြင်ခြင်းနောက်ကွယ်မှာ အကျိုးအကြောင်းတွေ အများကြီးတွေ့ရပါတယ်။ ကျော်စွာမင်း

Photo : politico news

photo_old photo