အသဲကြားကမဲတပြားပေးဖို့အရေး

အသဲကြားကမဲတပြားပေးဖို့အရေး

မဲပေးဖို့ကတော့ လက်ရှိကိုယ်ရောက်ရှိနေတဲ့ ဒေသမှာ မဲပေးနိုင်ဖို့ပဲ အဓိကလုပ်ကြရတော့မှာပါ။ ပုံစံ ၃ က နဲ့ လျှောက်လို့ရပါတယ်။ နဂိုမူလ မဲစာရင်းကို Online ကနေ ကြည့်ပီး SS ရိုက်။ Print ထုတ်ပီး အခု ရောက်ရှိရာဒေသမှာ ပုံစံ ၃ က နဲ့လျှောက်ပါ။ ဒါမှ မဟုတ်ရင်လဲ မူလမဲစာရင်းရှိရာဒေသက ထောက်ခံချက်လိုပါတယ်။

ဒါပေမယ့် UEC ရဲ့ ကြေညာချက်အရဆို လက်ရှိနေထိုင်တဲ့ဒေသမှာ လျှောက်ဖို့ သိပ်ခက်မယ်မထင်ပါဘူး။ ရက် ၉၀ မပြည့်သေးသူကတော့ မိမိနေထိုင်ရာ ဒေသကိုပဲ ပြန်ပီး မဲပေးပါ။ ရက် ၉၀ ပြည့်သူတွေကတော့ မဲစာရင်းပြောင်းထားတာ ပိုအဆင်ပြေပါလိမ့်မယ်။ နယ်ကနေ ရန်ကုန် မဲသွားပေးဖို့၊ ရန်ကုန်ကနေ နယ်ကို ပြန်မဲပေးဖို့က ရောဂါကူးစက်မှု မကျရင် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မိမိ လက်ရှိရောက်ရှိနေတဲ့ဒေသမှာပဲ မဲပေးနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဘယ်နေရာရောက်ရောက် တာဝန်ကျေပွန်ခဲ့တယ်ဆိုရင် ကျေနပ်စရာဖြစ်ကြောင်းပါ။nay thway