တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒကို မပြင်မခြင်းထရမ့်ကို ကမ္ဘာမှာအတော်များများက အမေရိကန်သမ္မတအဖြစ် ရှိနေစေချင်ကြမှာပါ။

တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒကို မပြင်မခြင်းထရမ့်ကို ကမ္ဘာမှာအတော်များများက အမေရိကန်သမ္မတအဖြစ် ရှိနေစေချင်ကြမှာပါ။

သမ္မတထရမ့်အိမ်ဖြူတော်ကိုပြန်ပြီ။
~~~~~~~~
ဆေးရုံကနေဆင်းပြီး ဟယ်လီကော်ပတာနဲ့အိမ်ဖြူတော်ကိုပြန်သွားပါတယ်။

မနေ့ညကတည်းက ကျနော်သတင်းဖတ်ကြည့်ရာမှာ တနင်္လာနေ့ညနေဆေးရုံဆင်းမယ်လို့ပြောထားပေမယ့် အခြေအနေကိုထပ်စောင့်ကြည့်ခဲ့တာပါ။ထရမ့်က ရွေးကောက်ပွဲကမ်ပိန်းကိုမကြာခင်ပြန်လာမယ်လို့ဆိုလိုက်ပါတယ်။

“Fake News only shows the Fake Polls.”
“သတင်းအတုတွေကမဲအတုတွေပြလိမ့်မယ်” လို့ ဆိုသွားပါသေးတယ်။

ဆေးရုံကအထွက်မှာ သတင်းထောက်တွေက အိမ်ဖြူတော်မှာလူဘယ်လောက်ကူးစက်ကုန်သလဲလို့မေးတာကို “Thank you very much” လို့ဖြေသွားပါတယ်။

အိမ်ဖြူတော်ရောက်တော့ လက်မထောင်ပြအပြီးမှာ အိမ်ဖြူတော်ပေါ်တီကိုပေါ်ကနေ mask ချွတ်ပြီး ဓာတ်ပုံရိုက်ဖို့ပို့စ်တွေပေးလိုက်ပါသေးတယ်။ ပြီးတော့လက်မထောင်ပြကာ လူတွေဘက်ကိုအလေးပြုပြလိုက်ပါသေးတယ်။

Twitter မှာ တင်လိုက်သေးတဲ့စကားကတော့ …..

“#နေလို့ကောင်းမှကောင်းကွာ! ကိုဗစ်ကိုကြောက်မနေနဲ့၊ ကိုဗစ်ကမင်းဘဝကြီးကိုပေးပြီးအလွှမ်းမိုးမခံနဲ့၊ ထရမ့်အစိုးရလက်ထက်မှာလေ တကယ်ကောင်းတဲ့ဆေးတွေနဲ့ဆေးပညာတွေကိုဖန်တီးထားတယ်၊ ငါကွာ …. လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်တောင်နေလို့ကောင်းနေသေးတယ်။”

“Feeling really good! Don’t be afraid of Covid. Don’t let it dominate your life. We have developed, under the Trump Administration, some really great drugs & knowledge. I feel better than I did 20 years ago!”

သူ့စကားကိုချင့်ယုံပေါ့။ ဒါပေမယ်သမ္မတဖြစ်ချင်ရင် သူ့လို strong ဆိုတဲ့ character ရှိကိုရှိရမယ်။ မတစ်ထောင်သားသမီးကို ပျော့ပျော့နဲ့အုပ်ချုပ်မင်းလုပ်နေလို့မရဘူး။ ဒီလူကြီးကအတော်တော့မာတာအမှန်ပဲ။ သမ္မတလုပ်ရင်အဲ့ဒီလိုအရည်အချင်းမျိုးလိုအပ်တာအမှန်ပဲ။

မနေ့ကညကတောင် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ထရမ့်က ဟီလာရီကလင်တန်ကို ရွေးကောက်ပွဲကမ်ပိန်းမှာ နောက်ပြောင်ထားတဲ့ ဗီဒီယိုလေးကြည့်လိုက်ရပါတယ်။

အဲ့ဒီ ၂၀၁၆ တုန်းက ဟီလာရီကလင်တန်က နမိုးနီးယားဖြစ်ပြီးဆေးရုံကိုပို့ခဲ့ရတာပါ။

“မှတ်ထားကွ။ သမ္မတဖြစ်ချင်ရင် Stamina ခံနိုင်ရည်ရှိရမယ်၊ သက်လုံကောင်းရမယ်။ ဟီလာရီလို ဘာတဲ့ ….. ၁၅ ပေလောက်ကွာဝေးတဲ့ ကားဆီတောင်လမ်းမလျှောက်နိုင်ပဲ ထမ်းထုတ်ရတော့ ဘယ်လို … သမ္မတလုပ်မှာလဲ … ကွာ!”ပြီးတော့ ဟီလာရီ “ဂိ” နေတဲ့ပုံကို မျက်နှာအမူအရာနဲ့တကွ ကုန်းကုန်းလုပ်ပြကာ နောက်သွားပါသေးတယ် ။

တခြားတဖက်မှာတော့ အခုလိုကိုဗစ်ဖြစ်လိုက်တာ ထရမ့်အတွက် လူတွေယုံကြည်မှုနည်းနည်းကျဆင်းသွားပါတယ်။သူ့ပြိုင်ဘက် ဂျိုးဘိုင်ဒင်က ကိုဗစ်မပြန့်ပွားအောင်ထိန်းချုပ်နိုင်ရေးဘက်ကိုပိုဖိပြောလာပါတယ်။ထရမ့်အနေနဲ့ ဆေးရုံတက်ခဲ့ရတာ ကောင်းတဲ့အလားအလာတော့ မဟုတ်ခဲ့ပါဘူး။

သူ့ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ကမ္ဘာမှာ သူ့ကိုလိုအပ်တယ်လို့ ယူဆနေတဲ့လူတွေအများကြီးပါ။

တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒကို မပြင်မခြင်းထရမ့်ကို ကမ္ဘာမှာအတော်များများက အမေရိကန်သမ္မတအဖြစ် ရှိနေစေချင်ကြမှာပါ။

ဘာတွေဆက်ဖြစ်မယ်ဆိုတာဆက်စောင့်ကြည့်ရပါမယ်။

[email protected] Myo Thant
6-October-2020

afp