COVID-19 ကို လေထဲမှကူးစက်နိုင်ကြောင်း အတည်ပြု

===================
အမေရိကန် Centers for Disease Control and Prevention (CDC) က လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေကျော်ခြားထားလျက်နဲ့တောင် Coronavirus ရောဂါပိုးက လေထဲကတစ်ဆင့်ပြန့်ပွားကူးစက်နိုင်တာကြောင့် အဆောက်အအုံထဲမှာလူစုရုံးတဲ့အခါ နှာခေါင်းစည်းဝတ်ဆင်ဖို့နဲ့လေဝင်လေထွက်ကောင်းဖို့လိုအပ်တယ်လို့ အတည်ပြုပေးလိုက်ပြန်ကြောင်း သိရပါတယ်။

ရောဂါပိုးဟာ အဓိကအားဖြင့် လေထဲကနေပြန့်ပွားကူးစက်တာမဟုတ်ပေမယ့် လေဝင်လေထွက်မကောင်းတဲ့အဆောက်အအုံတွင်းမှာ လေထဲကနေကူးစက်ဖို့ဖြစ်နိုင်ခြေများတယ်လို့ လက်ခံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လကပဲ CDC က COVID-19 ဟာ လေထဲကနေ ကူးစက်နိုင်ကြောင်း ဝက်ဆိုက်ဒ်မှာတင်ပြီးမှ ပြန်ဖျက်သွားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၅ ရက်မှာ လေထဲကတစ်ဆင့်ကူးစက်နိုင်ကြောင်း ပြန်တင်ခဲ့ပြန်တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ရောဂါပိုးရှိသူရပ်သွားတဲ့နေရာမှာ ရောဂါပိုးကိုသယ်ဆောင်ထားတဲ့အမှုန်အမွှားငယ်လေးတွေက နာရီနဲ့ကြာအောင် ရှိနေနိုင်တယ်လို့ CDC က ဆိုပါတယ်။

ရောဂါပိုးရှိသူနေခဲ့တဲ့အခန်းထဲမှာ ခြောက်ပေကျော်အကွာအဝေးမှာရှိနေတဲ့လူတောင် ရောဂါကူးစက်ခံရနိုင်တယ်လို့လည်း အဓိကထားပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

(Asteria,6.10.2020)
Ref: ABC News

အမေရိကန် CDC က COVID-19 ကို လေထဲမှကူးစက်နိုင်ကြောင်း အတည်ပြုပြန်
================================

ဖတ်မိသတင်းမှတ်စု