WHO က COVID-19 ဟာ Airborne ဖြစ်တယ် #လေထဲကကူးစက်နိုင်တယ်လို့ ပြောလာတော့ မေးခွန်းတွေပေါ်လာပါတယ်။

WHO က COVID-19 ဟာ Airborne ဖြစ်တယ် #လေထဲကကူးစက်နိုင်တယ်လို့ ပြောလာတော့ မေးခွန်းတွေပေါ်လာပါတယ်။

COVID-19

ဘယ်လိုနည်းလမ်းတွေနဲ့ကူးစက်နိုင်သလဲဆိုတာ

ဒီလိုဖြေရာမှာ ကျနော့်အနေနဲ့ CDC guidelines ကိုအခြေခံပြီးဖြေပါ့မယ်။

မေးခွန်း (၁) ကျနော့်အမတစ်ယောက်က မနက်ဆိုလေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်ထွက်တတ်တယ်တဲ့။ အနားမှာလူမရှိရင် Mask ကိုခေတ္တဖြုတ်ထားချင်တယ်၊ အန္တရာယ်ကင်းမလား⁉️

လမ်းလျှောက်နေတဲ့နေရာက open space လေဝင်လေထွက်ကောင်းတဲ့နေရာဖြစ်ရင်၊ အနားမှာလူက ၁၂ ပေထက်ပိုမနီးရင် Mask ဖြုတ်ထားပြီးလမ်းလျှောက်လို့ရပါတယ်။ သို့သော် Mask ကိုဖြုတ်လိုက်ပြီး ပြန်တပ်တဲ့အခါမှာ ကျနော်တို့က နှာခေါင်းနေရာကို လုံအောင်ပြန်လုပ်ရပါတယ်။ အဲ့ဒီအချိန်မှာ Mask ရဲ့အပြင်မျက်နှာပြင်နဲ့ထိပြီး လက်ပေတာဖြစ်တတ်တဲ့အတွက် လက်သန့်ဆေးဘူးသေးသေးဆောင်သွားပါ။

သို့မဟုတ် Alcohol 75% ပါတဲ့ လက်သန့် towel အသေးတွေလည်းရှိပါတယ်။ ကျနော်အခုသုံးနေပါတယ်။ #အပြင်ထွက်ရင်အဆင်တော်တော်ပြေပါတယ်။

လေထဲက Airborne အမှုန်တွေက ကိုယ့်ဆီလွှင့်မလာဘူးလား❓

လေတိုက်လို့လွှင့်တာနဲ့ viral load #ပိုးပမာဏအလွန်ကျဆင်းသွားတဲ့အတွက်ကူးစက်ဖို့မဖြစ်နိုင်သလောက်ပါ။ Aerodynamics သဘောအရ မျက်စိနဲ့ ပါးစပ်ပေါက်ထဲဝင်မယ့်ပမာဏဟာ #ကူးစက်လောက်တဲ့ပမာဏ မဟုတ်ပါ။

သို့သော်လမ်းလျှောက်ရင်း လူတွေနဲ့ မနီးကပ်မိအောင် တတ်နိုင်သလောက်သတိထားပါ။ ပေ ၂၀ အတွင်းဝင်လာရင် Mask တပ်ပြီး ကိုယ်ကခွာလိုက်ပါ။လမ်းမှာ အသိတွေ့ရင် အခုအချိန်မှာ “Hi – Bye” ပဲလုပ်ပြီး ဆက်လျှောက်ပါ။ လုံးဝစကားရပ်မပြောကြပါနဲ့။

မေးခွန်း (၂) ကျမကအဝတ်လှမ်းနေတယ်။ လမ်းပေါ်ကလူတစ်ယောက် ဟတ်ချိုးလုပ်သွားတယ်၊ ကျမနဲ့ ၁၅ ပေလောက်ဝေးတယ်၊ ကူးစက်နိုင်မလား⁉️

ကူးစက်နိုင်ဖို့အခွင့်အလမ်းနည်းပါတယ်။ သို့သော် အမြန်ဆုံးအိမ်ထဲဝင်ပြီး Mask တပ်ပါ။ အမှန်က အပြင်ထွက်ပြီး အဝတ်ပဲလှမ်းလှမ်း၊ အမှိုက်ပဲပစ်ပစ် ဘာလုပ်လုပ် Mask တပ်ပါ။ဟတ်ချိုးဆိုတာက ကိုယ်ဘက်လှည့်လုပ်မှ ကူးဖို့အခွင့်အလမ်းများတာပါ။ ဒါတောင် ၁၂ ပေကျော်ရင် ပြင်ပလေဝင်လေထွက်ကောင်းတဲ့နေရာမှာ #ကူးဖို့မဖြစ်နိုင်သလောက်ပါ။

ဒီနေရာမှာ Airborne က ဘယ်လောက်ဝေးဝေးသွားသလဲဆိုတာ လေတိုက်နှုန်းကစပြီး၊ ဟတ်ချိုးချေတာဘယ်လောက်ပြင်းပြင်းချေလဲအထိ အကုန်ထည့်တွက်ရတာမို့ ဘယ်လောက်ဝေးဝေးသွားသလဲပြောမရပါ။သို့သော် aerodynamics သဘောတရားအရ လမ်းလျှောက်နေတဲ့ လူကို Airborne အမှုန်ကပ်ဖို့ အခွင့်အလမ်းအလွန်နည်းပါတယ်။

မေးခွန်း (၃) ကျနော်တို့အိမ်ဘေးမှာက Covid လူနာရှိတယ်။ အိမ်ကဘေးခြင်းကပ် ၃ ပေပဲကွာတယ်။ ကျနော်တို့ကို ကူးစက်နိုင်သလား⁉️

သူတို့က အိမ်ထဲမှာချောင်းဆိုးတောင် ဘေးခြင်းကပ် ပြတင်းပေါက်ကိုဖွင့်မထားရင် ကူးဖို့အခွင့်အလမ်းနည်းပါတယ်။ နှစ်အိမ်စလုံးက ပြတင်းပေါက်ပိတ်ထားရပါမယ်။

Airborne အမှုန်က အိမ်အပြင်ဘက်ထွက်လာရင် ကိုယ့်အိမ်ထဲဝင်လာဖို့ #အခွင့်အလမ်းနည်းပါတယ်။ ဒါပေမယ့် အခုလိုဘေးအိမ်ချင်းနီးပြီး Positive လူနာရှိရင် လူနာကိုအိမ်ထဲမှာနေလည်း Mask တပ်ရပါမယ်။

သိထားဖို့က Airborne ကူးစက်မှုပမာဏဟာ အလွန်နည်းပါးတာမို့ #အခုလိုအသက်မရှုဝံ့မဖြစ်ပဲရဲရဲတင်းတင်းနေထိုင်ပါ။

မေးခွန်း (၄) ကျနော်တို့တိုက်မှာ Positive လူနာရှိတယ်။ ကူးစက်နိုင်သလား⁉️

ကွန်ဒိုမှာဆိုရင် ဓာတ်လှေခါးကနေကူးစက်နိုင်ပါတယ်။ တိုက်ခန်းအထပ်မြင့်တွေဆိုရင် အများသုံးလှေခါးအတက်အဆင်းနေရာကနေကူးစက်နိုင်ပါတယ်။

ဘာကြောင့်လဲ❓

Airborne transmission အမှုန်လေးတွေဟာ #လေဝင်လေထွက်မကောင်းတဲ့နေရာမှာ #နာရီနဲ့ချီပြီးလေထုထဲမှာပြန့်လွင့်နေနိုင်လို့ဖြစ်ပါတယ်။

သဘောက ကိုဗစ်လူနာက အဲ့ဒီဓာတ်လေခါးကိုသုံးလို့ အကယ်၍ Mask မသုံးခဲ့ရင်၊ Mask က ကွာလတီမကောင်းရင် အထက်မှာရေးပြထားတဲ့ နေရာနှစ်ခုစလုံးမှာ လေထုထဲပိုးက ကြာရှည်စွာနာရီနဲ့ချီပြီးပြန့်နှံ့နေနိုင်ပါတယ်။ဒါကြောင့် အိမ်ထဲကထွက်တာနဲ့ Mask ကို #မဖြစ်မနေတပ်ပါ။

မေးခွန်း (၅) ကိုဗစ် Positive ဖြစ်နိုင်တဲ့လူနာနဲ့ တစ်ခန်းတည်းအတူ Q center တစ်ခုမှာ နေရတယ်။ ကူးနိုင်သလား⁉️

အဲ့ဒီလူဟာ Positive အဖြေထွက်လာရင် အခုလို Airbrone ဖြစ်တယ်လို့ CDC က သတ်မှတ်တာမို့ ကူးဖို့အခွင့်အလမ်းအတော့ကိုများသွားပါပြီ။နှစ်ယောက်နေတဲ့အခန်းထဲမှာAirborne အမှုန်ကပြန့်နေနိုင်တာမို့ပါ။ကျိန်းသေကူးမယ်လို့ မပြောပေမယ့် ကူးစက်ဖို့အခွင့်အလမ်းအလွန်များတုန်းပါပဲ။Bird cage သဘောတရားအရ ကံနဲ့ဆိုင်သွားပါပြီ။

မေးခွန်း (၆) ကျမမနက်ဈေးသွားဝယ်တာ လူတွေကများတယ်။ ကူးနိုင်သလား⁉️

ဈေးက ကွင်းပြင်ထဲမှာဆိုရင် ကူးစက်ဖို့ အခွင့်အလမ်းနည်းပါတယ်။

ဈေးက ဈေးရုံထဲမှာ လူတွေကလည်းများရင် ကူးစက်ဖို့များပါတယ်။ #အဲ့ဒီလိုဈေးရုံမျိုးကိုသတိထားရှောင်ရှားပါ။ မြန်မာပြည်မှာ ဈေးကို လူမများအောင် လူအရေအတွက်နဲ့ ဈေးအပေါက်ဝကနေ သွင်းတဲ့စနစ်စတင်ဖို့ သင့်ပါပြီ။

မေးခွန်း (၇) ကျမတို့ရုံးခန်းက အဲကွန်းအခန်း တနေ့လုံး Mask တပ်ရင်မူးတယ်။ ကျမက ၆ ပေထက်ပိုဝေးအောင် Social Distancing ကို လိုက်နာတယ်။ Mask မတပ်လို့ရမလား⁉️

လုံးဝမရပါ။ Airbrone ဖြစ်တဲ့အတွက် အခုလိုလေဝင်လေထွက်မကောင်းတဲ့ အဲကွန်းခန်းတွေက ကူးစက်ဖို့ အခွင့်အလမ်းများသွားပါပြီ။အဲ့ဒီအခန်းထဲမှာ အားလုံးကMask တပ်ကိုတပ်ရပါမယ်။

မေးခွန်း (၈) ကျနော်က မှန်လုံကားစီးပြီးခရီးသွားတယ်။ ကူးစက်နိုင်သလား⁉️

လုံခြုံစိတ်ချရတဲ့ Mask နဲ့သွားမှရပါတော့မယ်။ အားလုံးမဖြစ်မနေလိုက်နာဖို့မလွယ်ပါ။ တချို့လူတွေက Mask ကိုမေးချိတ်ပြီး ဖုန်းပြောပါလိမ့်မယ်။ Mask ကိုမေးချိတ်ပြီး တောထဲမှာလို ဝူး … အူး … အသံဆူညံဆူညံလုပ်တတ်ပါတယ်။

စင်ကာပူမှာလို အများသုံး ကား၊ ရထားတွေထဲမှာ ဖုန်းမပြောဖို့၊ စကားကျယ်ကျယ်မပြောဖို့၊ Mask မဖြုတ်ဖို့ စည်းကမ်းထုတ်သင့်နေပါပြီ။

မေးခွန်း (၉) ကျနော်က လူတစ်ယောက်ထွက်သွားတဲ့အိမ်သာထဲဝင်တယ်။ ကူးစက်ဖို့အခွင့်အလမ်းများလား⁉️

Airborne အမှုန်တွေက အိမ်သာခန်းထဲကလေထုမှာ အဲ့ဒီလူထွက်သွားပြီး နာရီအတော်ကြာကြာအထိပြန့်နှံ့နေနိုင်ပါတယ်။ ကူးစက်ဖို့အခွင့်အလမ်းများပါတယ်။

မေးခွန်း (၁၀) ကျနော့်ဘကြီးကသူ့ဘာသူအိမ်ထဲမှာစာဖတ်နေတာဗျာ သူ့ကိုမကျေနပ်တဲ့ ကိုဗစ် Positive လူနာ အယောက် ၂၀၀ လောက်က သူ့အိမ်ကိုဝိုင်းပြီး လေတစ်ဝူးဝူးနဲ့မှုတ်ပြီးကူးအောင်လုပ်ရင် ကူးမလား⁉️

လိပ်ခေါင်းထွက်အောင် သူ့အိမ်ဖက်ဝိုင်းပြီး ရောဂါပိုးပြန့်အောင် လေမှုတ်နေလည်း မကူးစက်နိုင်ပါ။လူတွေမှုတ်ထုတ်တဲ့လေဟာ ညီလေးဘကြီးရဲ့အိမ်ထဲ ဝင်ဖို့က ခြံစည်းရိုးခံနေတဲ့အတွက်မဖြစ်နိုင်သလောက်ပါ။လူတစ်ယောက် အိမ်ပြတင်းပေါက်က သွားပြီးမှုတ်သွင်းရင်တောင် ကူးစက်ဖို့ ရာနှုန်းပြည့်မသေချာပါ။

Airborne ဖြစ်တယ်ဆိုတာနဲ့ #သိပ်အကြောက်မလွန်ပါနဲ့။ Airbrone အနေနဲ့ ကူးစက်မှု Case က contact transmission လောက်မများပါ။

COVID-19 #ဘယ်လိုနည်းလမ်းတွေနဲ့ကူးစက်နိုင်သလဲဆိုတာနက်ဖြန်ဆက်ဆက်ရေးပေးပါမယ်။

@Richard Myo Thant
6-October-2020