သတင်းတုတွေပတ်သက်လို့ရှင်းလင်းချက်

သတင်းတုတွေပတ်သက်လို့ရှင်းလင်းချက်

ဒီကပ်ရောဂါ ကာလမှာ အားတဲ့အချိန်တွေမှာ ကိုယ်တတ်နိုင်သလောက် လူတွေကို ကူညီနေပါတယ်။ အထူးသဖြင့် Message တွေပေါ့။ လာမေးကြတဲ့သူတွေက အရမ်းများပါတယ်။ ၂ ရက် ၃ ရက်တခါလောက်ပဲ စုပီး ဖြေပေးတော့ တချို့ဟာတွေက နောက်ကျနေပါပီ။ နားလည်ပေးကြပါ။ နောက်တခုက တချို့က မေးစရာရှိလို့ဆိုပီး ဘာမှလဲ ဆက်မပို့ထားဘူး။ အဲတော့ ဘာလုပ်ပေးရမှန်းမသိပါဘူး။ ကိုယ် ပြောချင်တာရှိရင် ရေးသာရေးထားခဲ့ပါ။ ဖြေပေးနိုင်တာ ကူညီနိုင်တာဆို စာပြန်ပေးပါမယ်။ Comment ပိတ်ထားတာက အကြည်ဓာတ်လေး မဆုံးရှုံးချင်လို့ပါ။

ဒီနေ့ အမေးအများဆုံးက လူတွေ လဲကျနေတဲ့ပုံတွေနဲ့ ရန်ကုန်မှာ လူတွေ သေနေကြပီဆိုတဲ့သတင်းပါ။ အဲဒီသတင်းဟာ မနက်က ကျန်းမာရေးဝန်ထမ်းတွေ ကွယ်လွန်တယ်ဆိုတဲ့သတင်းလိုပဲ သတင်းတုတွေပါ။ အရင်ထဲက ပုံအဟောင်းတွေကို ဖြတ်ညှပ်သိမ်းပီး လုပ်နေကြတာပါ။ လုံးဝ မဟုတ်ပါဘူး။ နောက်တခုက သေဆုံးစာရင်းကို လိမ်ပီးထုတ်တယ်ဆိုတာပါ။ အဲဒီလူတွေကိုတော့ ဒါက ဘဘတို့ခေတ်မဟုတ်လို့ အဲလို ဘယ်တော့မှ မလုပ်ပါလို့ ပြောကြားလိုပါတယ်။ ဒီသတင်းတုတွေကို ဘယ်သူတွေ လုပ်သလဲဆိုရင်တော့ ဇူလိုင်လက စပီး အကောင့်တုတွေ ဒီရေလို တိုးပွားလာပါတယ်။ ဇူလိုင်တလထဲမှာတင် မြန်မာပြည်မှာ အကောင့်ပေါင်း ၃ သန်း ဖွင့်ခဲ့ပါတယ်။ အဲဒီအကောင့်တွေဟာ အစိုးရကို အပုတ်ချဖို့ သီးသန့်လုပ်ပါလိမ့်မယ်။ ပြည်သူတွေကတော့ စိုးရိမ်မှုမရှိပဲ သတင်းမှန်တွေကိုသာ နားစွင့်ပေးကြပါ။

နောက်တခုကတော့ မနေ့က ထပ်တိုးတဲ့ အမိန့်ပါ။ အမိန့်က အလွန်ရှင်းပါတယ်။ အရင်အမိန့်တုန်းက ရက်အတိအကျ ပိတ်ထားခိုင်းတာက CMP တွေပဲရှိလို့ သူတို့ကို သက်တမ်းတိုးတယ်လို့ ကြေညာတာပါ။ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကလွဲ ကျန်အလုပ်တွေက အကုန် Work From Home ဖြစ်ပါတယ်။ ဘယ်အရာမှ မဖြေလျှော့ထားပါ။ ဘယ်အချိန်အထိလဲဆိုရင် နောက်ထပ် အမိန့်တခုထုတ်ပီး ဖြေလျှော့တဲ့အထိပါ။ CMP တွေကတော့ ၂၀ ရက်နေ့အထိ ထပ်ပိတ်ထားရပါမယ်။ ဒါပါပဲ။

ရွေးကောက်ပွဲကတော့ လက်ရှိမှာ ပုံစံ ၃ က နဲ့ပဲ နေရာပြောင်းရွှေ့နိုင်ပါတယ်။ ပုံစံ ၄ ပြန်တောင်းဖို့ အဆင်မပြေရင် Online က မဲစာရင်းကို SS ရိုက်ပီး ပြသပေးပါ။ မှတ်ပုံတင်ယူသွားပါ။ နောက်ဆုံးပြောင်းနိုင်တဲ့နေ့ကို ၁၄ ရက်နေ့ထိ တိုးပေးထားလို့ တန်ဖိုးရှိလွန်းတဲ့ မဲတပြားကို အမိအရပေးဖို့ ပြင်ဆင်ထားကြပါဦး။ Stay at home မြို့နယ်တွေက အသက် ၆၀ ကျော်သူတွေကိုတော့ ကြိုတင်မဲပေးနိုင်ဖို့ ရွေးကော်က စီစဉ်ပေးပါလိမ့်မယ်။

ကျနော်လဲ အချိန်အားတဲ့အချိန်တွေမှာ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီဖြေကြားပေးပါမယ်။ စာပြန်တာ ကြာခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးပါ။ Nay thway

photo