မောင်သိန်းရေးတဲ့ သံဝေဂ

မောင်သိန်းရေးတဲ့ သံဝေဂ


~~~~~~~
လူ့ဘဝတိုတောင်းလှတဲ့ လူ့ဘဝ လက်ရှိ ပစ္စုပ္ပန် အချိန်မှာ အကောင်းဆုံးစိတ်ထားအကောင်းဆုံးအလုပ်တွေနဲ့ နေထိုင်ကြပါ။

မိတ်​ဆွေများနဲ့ ပြည်သူတွေကို မေတ္တာနဲ့ သတိပေးလိုတာကတော့ မိမိရဲ့ မိဘ ဘိုးဘွား တွေကို ချစ်ခင်တယ် မြတ်နိုးတယ် တန်ဖိုးထားတယ်ဆိုရင် မိမိတို့ကိုယ်တိုင်က ရောဂါကူးစက်ခြင်းမခံရလေအောင် ပြုမူနေထိုင်ဖို့ အထူးအရေးကြီးလှပါတယ်။

အသက် ၆၀ အထက်သေဆုံးသူတွေဟာ အပြင်ထွက်လို့ အုပ်စုဖွဲ့စားသောက်​နေထိုင်လို့ ​ရောဂါကူးစက်တာ မဟုတ်ပဲ မိသားစုဝင်တွေဆီက ကူးစက်ခံရတာ ဖြစ်ကြောင်းလဲ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။

အခုဆိုရင် ကျ​နော်ကိုယ်တိုင် Covid 19
ရောဂါ ကုသ​ရေးဌာန(သုဝဏ္ဏ) ဧရာဝတီစင်တာအတွင်းမှာ ​စေတနာ့ဝန်ထမ်းလုပ်ကိုင်​ဆောင်ရွက်​နေတာ တစ်လပြည့်ပါတော့မယ်။ ​သေဆုံးသူ နှစ်ဦးစလုံးနဲ့ ကြုံ​တွေ့ခဲ့ရပါတယ်။ အသက်အားဖြင့် ၆၀ အထက် အမျိုးသား​တွေချည်းပါပဲ။ နဂိုထဲက​ရောဂါအခံရှိ​တော့ သနားပါတယ်။

နာ​ရေးကူညီမှုအသင်း(ရန်ကုန်)မှာ ဈာပန
လမ်း​ကြောင်း​တွေလိုက် ​ရေ​ဝေးမှာ လုပ်ကိုင်​ဆောင်ရွက်​ဘူး​ပေမယ့် ဒီလို ကပ်​ရောဂါဆိုးကြီးမှာ​​ သေဆုံးသွားတဲ့ သူကို အခုလိုမျိုး ကူညီလုပ်ကိုင်​ပေးရ​တာမိသားစုဝင်​တွေ Video call ​နဲ့ Death body ကို ကြည့်ပြီး ငို​ကြွေး​နေကြတာကို မြင်​တွေ့ရတာ စိတ်မ​ကောင်းဖြစ်မိတယ်။

လောကမှာ ကိုယ့်အသက်ထက်ဘာမှတန်ဖိုးမရှိပါဘူး။ ကျန်းမာရေးကောင်းမွန်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်မှသာ မိမိဆန္ဒရှိတဲ့အတိုင်း အရာရာ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

အဲဒါ​ကြောင့် သင်တို့မိသားစုကို ချစ်တယ် တန်ဖိုးထားတယ် မြတ်နိုးတယ် မိသားစုတွေ အတူတကွ ပျော်ရွှင်စွာ နေလိုတယ်ဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေကို တသဝေမတိမ်း လိုက်နာကြ​စေလိုပါတယ်ခင်ဗျာ။

မောင်သိန်း(ဒဿနိက)
၉.၁၀.၂၀၂၀
@Thein Htein