အင်္ဂလိပ်စကား နဲ့ မြန်မာစကား

အင်္ဂလိပ်စကား နဲ့ မြန်မာစကား

အင်္ဂလိပ်စကား ကျွမ်းကျင်မှူဆိုတာ..
သင်ယူရင်တတ်မြောက်နိုင်သလို..

အင်္ဂလိပ်ကြီးတွေရဲ့အိမ်မှာ
အိမ်ဖော်လုပ်နေတဲ့သူတွေ..

အင်္ဂလိပ်ကြီးတွေနဲ့
အိမ်ထောင်ပြုထားတဲ့လူတွေလည်း..
ကျွမ်းကျင်စွာပြောတတ်နိုင်တယ်..

မျိုးချစ်စိတ် နိုင်ငံချစ်စိတ်နဲ့..
တိုင်းပြည်အုပ်ချုပ်နိုင်တဲ့
အရည်အချင်းဆိုတာကတော့..

ပင်ကိုယ် ခံယူချက် ခံစားချက်နဲ့..
ကိုယ်ပိုင် အရည်အချင်း တွေရှိဖို့သာ
အဓိကဆိုတာ မှတ်ကြ………………….☝️

ခေတ်အဆက်ဆက်..
နယ်ချဲ့ကျွန်သဘောက် ဘဝကတည်းက
အင်္ဂလိပ်အလိုတော်ရိ တွေ..
အသားထဲက လောက်တွေဆိုတာ..

အင်္ဂလိပ်ကြီးတွေကိုဖားလျားပြီး
ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခရောက်အောင်
လက်ထောက်ချသူတွေဆိုတာ..

အင်္ဂလိပ်တွေကြားမှာ လူရာဝင်နေတတ်တဲ့
အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့
လူတွေပဲဆိုတာသတိချပ်ကြ…………………☝️

ကိုဗစ်ဖြစ်ချိန်မှာ အင်္ဂလိပ်စကားပြောတတ်ဖို့ထက်
ပြည်သူတွေအိမ်ထဲက မထွက်ပါနဲ့
စားရေးသောက်ရေး
ကျမတို့တာဝန်ယူမယ်ဆိုတဲ့
မြန်မာစကားလေးပဲ ပြောတတ်ဖို့လိုတယ်..

ဖေ့စ်ဘုတ်မှာ တစ်ပါတီဝါဒစနစ်နဲ့
ကျန်တဲ့ပါတီမှန်သမျှ တိုက်ခိုက်နေတဲ့
လူအန္ဓ အရိုင်းအစိုင်းတွေကို..
သတိပေးဆုံးမစကား ပြောတတ်ဖို့လိုတယ်..

အမိယုတ်သား တွေ နူတ်ကြမ်းနေချိန်မှာ..
ရှင်ရသေ့ ဆီနားတဲ့ကျေးတွေ
ထိုးဆိတ်ခံနေရတာ လောက နာတယ်..
ဘာသာတရားကို ချနင်းခံရတာ ရင်နာတယ်..😵

အင်္ဂလိပ်ကို အထင်ကြီးတဲ့ သူရဲ့နောက်လိုက်တွေ
အင်္ဂလိပ်စကားကို အထင်ကြီးတာမဆန်းဘူး

မျိုးဖျက်တွေခေတ်ထ နေချိန်မှာ..
မျိုးချစ်ဆိုတာ မျိုးညစ်လို့သမုတ်ခံရတာမဆန်းဖူး..

ဒေါင်းယောင်ဆောင်တဲ့ကျီးဆိုတာ
အင်္ဂလိပ်စကားပဲ ပြောပြော..
သာကေတ စကားပဲ ပြောပြော…
သူ့နူတ်က ထွက်တဲ့ အသံတိုင်းဟာ..
သူခရီးဆန့်ခဲ့ရာဒေသနဲ့..
တစ်ကမ္ဘာလုံးကို ကပ်ဆိုက်စေတယ်..

မြန်မာတစ်နိုင်ငံလုံးကို..
နိမိတ်ဆိုးကြီးတွေ ဖြစ်စေတယ်..
စိတ်ဝမ်းတွေကွဲ စေတယ်..

အင်္ဂလိပ်စကားမကြားချင်ဘူး
ငါတို့မြေ တစ်လက်မ မှ အထိမခံဘူးဆိုတဲ့
မြန်မာသံ ပီပီသသ စကားပဲကြားချင်တယ်..

အင်္ဂလိပ်စကား မကြားချင်ဘူး
ဘယ်ပါတီကဖြစ်ဖြစ်
အရည်အချင်းရှိသူသာမဲပေးပါ
ပြည်သူတွေ စိတ်ဝမ်းမကွဲကြပါနဲ့ ဆိုတဲ့
မြန်မာသံ ပီပီသသ စကားပဲ ကြားချင်တယ်..

အင်္ဂလိပ်စကား မကြားချင်ဘူး
ကျမ မဲနိုင်ဖို့အရေးမကြီးပါဘူး
ပြည်သူတွေ အသက်က အရေးကြီးပါတယ်ဆိုတဲ့
မြန်မာသံပီပီသသစကားလေးပဲ ကြားချင်တယ်..

လေဒီဒိုင်းမွန်း