မြောက်ဥက္ကလာပအတွက်ဝမ်းသာစရာသတင်း

မြောက်ဥက္ကလာပအတွက်ဝမ်းသာစရာသတင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးနိုင်ငံလင်း၊ ဒေါ်မိုးမိုးစုကြည်၊ အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် ပါမောက္ခဒေါက်တာဇော်ဝေစိုး တို့ပါ၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး သို့သွားရောက်ကာ ဆေးရုံဝန်းအတွင်း COVID-19 အတည်ပြုလူနာများထားရှိ ကုသမှုပေးမည့် Temporary Camp တည်ဆောက်မည့် အခြေအနေကို ကြည့်ရှု့စစ်ဆေးကာ လက်တလော ဆေးရုံ၌ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆောင်ရွက်နေမှုများကို မေးမြန်းကာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပါသည်။

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါဆိုင်ရာကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများပြုလုပ်ပေးလျှက်ရှိရာ ဆေးရုံမှ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများကို Temporary Camp သို့ ပြောင်းရွှေ့ကာ ထားရှိကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး Oxygen Tank များပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

၁၄-၁၀-၂၀၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ
@Ye Kyaw Aung