Stevie International Business Awards ၂၀၂၀ တွင် အကောင်းဆုံးဆန်းသစ်တီထွင်ဖန်တီးနိုင်မှုနှင့် လူမှုအကျိုးပြုတာဝန်ယူမှုအတွက် ဂုဏ်သတင်းကြီးမားသည့် ဆု၃ဆု ရယူနိုင်ခဲ့

Stevie International Business Awards ၂၀၂၀ တွင် အကောင်းဆုံးဆန်းသစ်တီထွင်ဖန်တီးနိုင်မှုနှင့် လူမှုအကျိုးပြုတာဝန်ယူမှုအတွက် ဂုဏ်သတင်းကြီးမားသည့် ဆု၃ဆု ရယူနိုင်ခဲ့


အူရီဒူးမြန်မာသည် Stevie International Business Awards ၂၀၂၀ တွင် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ (Most Innovative Company of the Year) အတွက် ငွေတံဆိပ်ဆု၊ တစ်နှစ်တာ တန်ဖိုးအရှိဆုံး လူမှုအကျိုးပြုတာဝန်ယူမှု (Most Valuable Corporate Response) နှင့် တစ်နှစ်တာလူမှုအကျိုးပြုလုပ်ငန်း (အာရှ၊ ဩစတြေးလျ နှင့် နယူးဇီလန်) (Corporate Social Responsibility Program of the Year in Asia, Australia and New Zealand) တို့အတွက် ကြေးတံဆိပ်ဆုများ စသည်ဖြင့် ဂုဏ်သတင်းကြီးမားသည့်ဆု စုစုပေါင်းဆု ၃ဆုကို ရရှိခဲ့ပါသည်။
အဆိုပါဆုများသည် အူရီဒူး၏ ပြည်သူများ၏ဒစ်ဂျစ်တယ်လူမှုဘဝများကို ပြည့်စုံကောင်းမွန်စေမည်ဆိုသည့် ရည်မှန်းချက်အတိုင်း တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်ချက်များကို အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည်။ “The International Stevies” ဟုလူသိများထင်ရှားသည့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာဆုများသည် ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းကြီးများနှင့်လုပ်ငန်းလေးများ၊ အများပိုင်ကုမ္ပဏီနှင့် တစ်ဦးပိုင်ကုမ္ပဏီ၊ အကျိုးအမြတ်အတွက် ဆောင်ရွက်သောလုပ်ငန်း (သို့) အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ စသဖြင့် မည်သည့်အဖွဲ့အစည်းမဆို ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်ပါသည်။ ၂၀၂၀ ဆုချီးမြှင့်ပွဲအတွက် နိုင်ငံပေါင်း ၆၃ နိုင်ငံမှ လုပ်ငန်း အဖွဲ့အစည်းပေါင်း ၃,၈၀၀ ကျော်မှ လျှောက်ထားခဲ့ကြပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “ အခုလိုမျိုး နိုင်ငံတကာမှာလူသိများတဲ့ Stevie International Business Award ၂၀၂၀ မှာ ဂုဏ်သရေရှိ ဆု၃ဆုကို ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အူရီဒူးမြန်မာက အများပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရည်အသွေးမြင့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့အတူ အဆင့်မြင့်ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကို ပြည့်စုံကောင်းမွန်စေဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးအပ်နိုင်အောင် အစဉ်တစ်စိုက် ကြိုးစား လျက်ရှိပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

အူရီဒူးမြန်မာသည် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံးကုမ္ပဏီကဏ္ဍတွင် ငွေတံဆိပ်ဆု ရရှိခြင်းခဲ့ခြင်းမှာ မြန်မာနိုင်ငံအတွက် အဆင့်မြင့်ဆုံး 4G ကွန်ရက်စတင်ဆောင်ရွက်ခြင်း၊ 4G LTE Turbo ကွန်ရက်ကို နိုင်ငံတစ်ဝန်းဖြန့်ကြက်ခဲ့ခြင်းနှင့် ဆန်းသစ်တီထွင်ထားသည့် အပိုဆောင်း ဒစ်ဂျစ်တယ်ထုတ်ကုန်များကို ကမ်းလှမ်းခြင်းဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ အဆင့်မြင့်ကွန်ရက်နှင့် မြန်ဆန်သည့်အင်တာနက်တို့၏ အားသာချက်နှင့်အတူ သုံးစွဲသူများအတွက် ဈေးကွက်အတွင်း လိုအပ်ချက်များပေါ်တွင်မူတင်ကာ အူရီဒူးကွန်ရက်ကို သင့်တင့်မျှတာသည့်နှုန်းထားဖြင့် သုံးစွဲနိုင်မည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ကမ်းလှမ်းပေးလျက် ရှိပါသည်။ ဥပမာအားဖြင့် အူရီဒူး 4G ကွန်ရက်ကို သင့်တင့်မျှတသည့်နှုန်းထားဖြင့် အသုံးပြုနိုင်မည့် Supernet Wireless Home Broadband ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးအပ်သည့် M-Pitesan app ၊ အသုံးပြုသူများကို Covid 19 နောက်ဆုံးရသတင်းများသိရှိနိုင်သော Athipay App နှင့် လယ်သမားများနှင့် အသုံးပြုသူများ၏ နေ့စဉ်ဘဝများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့်ကူညီရန်အတွက် ပေးအပ်ထားသည့် “rural IVR” ဝန်ဆောင်မှု စသဖြင့် ပါဝင်ပါသည်။ ၎င်းတို့ကဲ့သို့ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများက အူရီဒူးမြန်မာက Silver Stevie® Award for “Most Innovative Company of the Year”ကို ရရှိစေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် အူရီဒူးမြန်မာသည် တစ်နှစ်တာလူမှုအကျိုးပြုလုပ်ငန်း (အာရှ၊ ဩစတြေးလျ နှင့် နယူးဇီလန်) ကဏ္ဍအတွက် ကြေးတံဆိပ်ဆုရရှိခဲ့သည်။ Facebook နှင့်ပူးပေါင်းပြီး အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အသိပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒစ်ဂျစ်တယ်ဗဟုသုတ တိုးပွားရေးအစီအစဉ် Internet 1O1 ကို စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် သင်တန်းနည်းပြများမှ အင်တာနက်အသုံးပြုခါစသူများကို (၁)အွန်လိုင်းလုံခြုံရေး၊ ‌(၂)တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ်နိုင်ငံသားများ ဖြစ်လာစေရေးနှင့်၊ (၃)နေ့စဉ်လူမှုဘဝများကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ အင်တာနက်ကို မည်ကဲ့သို့ အကျိုးရှိရှိ အသုံးပြုနိုင်မည် စသည်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ အူရီဒူးအရောင်းဆိုင်များတွင် အရောင်းဝန်ထမ်း ၁,၈၀၀ ကျော်မှ သင်တန်းဆရာများအဖြစ် လေ့ကျင့်သင်ပြပေးခဲ့ကြပြီး vans များဖြင့် သင်တန်းနည်းပြများအားခေါ်ဆောင်၍ ဝေးလံသည့်ကျေးလက်ဒေသများအထိသွားရောက်ကာ ပြည်သူများကို အင်တာနက်အား ဘေးကင်းလုံခြုံစွာနှင့် တာဝန်သိစွာအသုံးပြုနိုင်ရန်အတွက် အသိပညာ ပေးအပ်ခဲ့ပါသည်။ ၎င်းဆောင်ရွက်ချက်နှင့်အတူ ယနေ့အထိ ပြည်သူပေါင်း ၇၀၀,၀၀၀ နီးပါး အထူးသဖြင့် ကျေးလက်နေပြည်သူများမှ ဒစ်ဂျစ်တယ် အသိပညာနှင့်အသုံးချနိုင်မှုတို့ကို သင်ကြားခွင့်ရရှိခဲ့ကြပါသည်။

အူရီဒူးမြန်မာ၏ Covid-19 ကာလတွင် တုန့်ပြန်ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံအားပံ့ပိုးပေးမှုတို့မှလည်း တစ်နှစ်တာ တန်ဖိုးအရှိဆုံး လူမှုအကျိုးပြုတာဝန်ယူမှု (Most Valuable Corporate Response category) အတွက် ကြေးတံဆိပ်ဆုဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။

ဦးတင့်နိုင်ထွဋ်မှဆက်လက်၍ “လူမှုအကျိုးပြုတာဝန်ယူမှုရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားကတည်းကစတင်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုများဖြင့်သာမက ပြည်သူလူထုအတွက် အရေးပေါ်ဆေးပစ္စည်းကိရိယာများနှင့် အခြေခံ လိုအပ်ချက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။” ဟု ပြောကြားလိုက်ပါသည်။
မြန်မာနိုင်ငံ၏ COVID-19 တွန်းလှန်တိုက်ထုတ်မှုကို ပံ့ပိုးပေးရန်အတွက် အူရီဒူးမြန်မာမှ အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ တန်ဖိုးရှိ အရေးပေါ်လိုအပ်နေသည့် အသက်ရှူစက်များ၊ Defibrillator များ၊ Ultrasound စက်များ၊ Portable X-ray စက်များနှင့် အခြားဆေးပစ္စည်းကိရိယာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနသို့လှူဒါန်းပေးခဲ့ပါသည်။ အူရီဒူးမြန်မာဝန်ထမ်းများမှလည်း မိမိတို့၏လစာငွေများ ဖြင့် စုပေါင်း၍ မြန်မာငွေကျပ် သိန်း ၄၃၀ ကျော် တန်ဖိုးရှိ Portable X-Ray machine, Ultrasound machine, Defibrillator နှင့် လူနာတင်လှည်းများအား မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ လှူဒါန်းပေးခဲ့ပါသည်။
ထိုမျှမက မြန်မာနိုင်ငံအတွက် နိုင်ငံတော်အစိုးရ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ချက်များကို ပံ့ပိုးပေးရန်အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ထပ်မံပေးအပ်လှူဒါန်းခဲ့ပါသည်။
အခြားသောပံ့ပိုးမှုများအနေဖြင့် ဒေတာနှင့်ဖုန်းဘီလ်များပါဝင်သည့် ဆင်းကတ် ၁၄,၀၀၀ ကျော်ကို quarantine စင်တာများ၊ COVID-19 ကုသရေးစင်တာများနှင့် COVID-19 လူနာများအား အခမဲ့လူနာတင်ယာဉ်များဖြင့်ကူညီပေးနေသည့် ပရဟိတအဖွဲ့အစည်းများအား ပေးအပ်လှူဒါန်းခြင်း၊ ပညာရေးဝန်ကြီးဌာနမှ ဆရာဆရာမများအား မွမ်းမံသင်တန်းများပေးအပ်ရန် ဝဘ်ဆိုဒ်ကို အခမဲ့ဒေတာဖြင့် အသုံးပြုခွင့်၊ အူရီဒူး M-ပိုက်ဆံဖြင့် မြန်မာနိုင်ငံရှိ NGO အဖွဲ့အစည်းများအားလုံးကို ငွေအမြောက်အမြားလွှဲပို့နိုငသည့် Bulk Payment ဝန်ဆောင်မှုကို အခမဲ့အသုံးပြုခွင့်၊ အူရီဒူးသုံးစွဲသူများမှ လှူဒါန်းမှုများအား စုပေါင်းလွှဲပြောင်းပေးရန်အတွက် SMS ပလက်ဖောင်း ဆောင်ရွက်ခြင်း၊ အကူအညီလိုအပ် နေသူများထံသို့သွားရောက်၍ အခြေခံစားသောက်ကုန်များ ပံ့ပိုးလှူဒါန်းခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

ယခုနှစ်အတွက် Stevie International Business Awards (IBAs) ၂၀၂၀ ကို အွန်လိုင်းဆုပေးပွဲအခမ်းအနား ဖြင့် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျင်းပပေးမည်ဖြစ်ပါသည်။